Chapter 79

7.8K 1.2K 31
                                    

စုရီ ကျီနုန်တို့ဆွေးနွေးနေခဲ့တုန်းက ထိုဒုတိယမင်းသားမှာ သူတွေ့ခဲ့ကြုံခဲ့ဖူးသည့်မင်းသားလို့ယူဆခဲ့ပြီးဖြစ်သော်လည်း အခုသူတကယ်၀မ့်ရန်ရှားကိုတွေ့တော့လည်း အံ့သြနေခဲ့ပြန်သည်။ ၀မ့်ရန်ရှားမှာလည်း စုရီကိုမျက်မှောင်ကြုတ်ကြည့်ရင်း

"ဒါဆိုခများကကြင်ရာတော်ပေါ့ ခများရဲ့အစားအသောက်ကိုဂရုစိုက်ပါလို့ကျတော်သေချာမှာခဲ့တာကို ခများရဲ့စားတဲ့သောက်တဲ့အကျင့်ကြောင့် ဒီလောက်ကြီးအထိ ဘယ်လိုများဖြစ်စေခဲ့သေးတာလဲ အရင်ကတောင်အခြေနေဆိုးနေပြီဖြစ်ပေမယ့်ဒီအခြေနဲ့စာရင်အသက်အန္တရာယ်တော့မရှိသေးဘူး"

ပြောရင်း စုရီသွေးကြောကိုစမ်းပေးကာ သက်ပြင်းချရင်း ၀မ့်ရန်ရွီးဖက်လှည့်လိုက်၏။

"မင်းကြီး သူ့ကိုနှစ်နှစ်ကာကာချစ်မှန်းသိပေမယ့် ဘာလို့ ကြင်ယာတော်ကို အ၀တ်လျှော်တဲ့နေရာကိုပို့ရက်ရတာလဲ ရေခဲအပယ်ဆောင်မှာထားတာတောင် အတော်ကြီးတဲ့ အပြစ်ပေးနည်းဖြစ်နေပြီးသားပါ သူ့ကိုဒီလိုအပြစ်ပေးဖို့ လုံလုံလောက်လောက်မုန်းနေပြီးသားဆိုရင်လည်း ဘာလို့ကျတော့်ကို လာတောင်းပန်ပြီး သူ့ကိုကယ်ခိုင်းနေသေးလဲ?"

"အဲ့တာက ...အင်း....စကားလုံးနည်းနည်းနဲ့ရှင်းပြဖို့ခက်တယ် လေးစားရတဲ့ညီတော်ရဲ့ ပြိုင်ဘက်ကင်းဆေးပညာနဲ့သူ့ကိုကယ်နိုင်ဖို့ပဲ တကယ်မျှော်လင့်မိပါတယ် အခုမေးခွန်းအတွက်ကတော့ ကိုယ်တော် နောက်တစ်ရက်ရက်ကျရင် သပ်သပ်အချိန်ပေးပြီး ရှင်းပြပါ့မယ်"

ထိုနောက်ဆုံးစကားကြောင့် ၀မ့်ရန်ရှားအေးစက်စက်ရယ်ရင်းတွေးလိုက်မိ၏။ နောက်တစ်ရက်ရက်ကျရင်? အခုတော့ ငါက မင်းဆီက ဒူးတောက်အကူညီတောင်းတာခံပြီးပြီဆိုတော့ နောက်ရက်ဆိုတာကို အသက်ရှင်လျက်တွေ့ရဦးမှာလား?
ထိုအတွေးကိုမပြောပဲ ဆေးသေတ္တာထဲက ကြွေပုလင်းတစ်လုံးကိုထုတ်ယူကာ ဆေးနှစ်လုံးကိုစုရီကိုတိုက်လိုက်ပြီး အိပ်ဆောင်ပြင်၌ ဆေးစာတစ်ချို့ရေးကာ သွားစေရန်စေခိုင်းလိုက်၏။  ထို့နောက်အိပ်ဆောင်ထဲပြန်၀င်ကာ စုရီကို

"အစာလွန်လို့ဖြစ်သွားတာဆိုပေမယ့် အစာကကျွေးလို့မရသေးဘူး ကျတော် ဆက်မကုခင် ဒီရောဂါဘယ်လောက်ပြင်းနေပြီလဲအရင်စမ်းသပ်ရမယ်"

ခယောင်းလမ်းကကြင်ရာတော်(mmtrans)ခယောင်းလမ်းကကြင်ရာတော်Where stories live. Discover now