Chapter 44

8.7K 1.4K 52
                                    

ကလူကလူလေးပြန်လာပါပြီ
sorry for long wait...

စုရီဆိုသည်မှာ မျက်စိမှိတ်စုံလုံးကန်းသစ္စာရှိသူဖြစ်သော်ငြား သုံးစားမရအောင်တုံးသူတော့မဟုတ်။ ထို့ကြောင့် ကျီလျို့တို့၏ စကားတစ်စွန်းတစ်စနှင့်ပင် ဘာတွေဖြစ်ပျက်ခဲ့လဲကို ၈၀ရာခိုင်နှုန်းလောက်ခန့်မှန်းမိပြီးသား။ သို့သော်အခုအဖြစ်အပျက်ကိုယုံကြည်ဖို့ခက်ခဲလွန်းနေသေးသည်။ တွေးကြည့်ကြပါလေ...ကိုယ့်မိတ်ဆွေရင်းချာတို့က ရန်သူတော်၀မ့်ရန်ရွီးဖက်လိုက်ပြီး သူကြင်ယာတော်လုပ်မယ်ဆိုတဲ့ကတိရဖို့ ပူးပေါင်းလိမ်ဆင်ခဲ့ကြသည်တဲ့။

ကျီလျို့နှင့်ကျီနုန်မှာ ရင်တထိတ်ထိတ်နှင့်ဘာကဘယ်လိုရှင်းပြရမလဲမသိ ရပ်နေသည့်နေရာတွင်သာ အတောင့်လိုက်ရပ်နေရင်းမှသည့် စုရီမျက်၀န်းတို့ကိုလည်းရင်မဆိုင်ရဲစွာပင် အထစ်ထစ်အငေါ့ငေါ့ဖြင့်

"သ...သခင်လေး"

ဒီအမည်နာမထက်လည်း ဘာကိုဆက်ပြောရမှန်းမသိရှာတော့။

စုရီသူတို့ကိုအေးစက်စက်ကျောမခိုင်းခင်ခပ်ရွဲ့ရွဲ့အပြုံးတစ်ခုဖြင့်

"ကောင်းပြီလေ မင်းတို့မပြောချင်ကြတော့လည်း ငါကိုယ်တိုင်ပဲ ၀မ့်ရန်ရွီးကိုသွားမေးရတော့မှာပေါ့ သူ့ဆီကအနည်းဆုံးတော့ ဖြေရှင်းချက်တစ်ခုရမှာပါ"

ပြောပြီးကျောခိုင်းကာထွက်လာလိုက်သဖြင့် အနောက်နှစ်ယောက်မှာလည်း သူ့အရှေ့အပြေးအလွှားရောက်လာ၏။ မျက်စိစွေကြည့်လိုက်တော့ ထိုနှစ်ယောက်က သူ့ရှေ့ဒူးထောက်နေရုံတင်မဟုတ်ပဲ သူ့၀တ်ရုံစကိုပါ တစ်ယောက်တစ်ဖက်မ၀ံ့မရဲဆုပ်ကိုင်ထားကြခြင်း။

"သခင်လေး ကျတော်မျိုးမတို့ကိုညှာတာပါ မင်းကြီးသာ ဒီကိစ္စကျမတို့ဆီကပေါက်ကြားတာကိုသိရင် ကျမတို့ခေါင်းနဲ့ကိုယ်အိုးစားကွဲသွားလိမ့်မယ် ကျမတို့ရဲ့မိတ်ဆွေသံယောဇဥ်ကိုထောက်ထားပေးပါ တောင်းပန်ပါတယ်သခင်လေး"

မျက်ရည်လည်ရွဲနှင့်ထိုနှစ်ဦးသား၏စကားတို့ကြား စုရီနှလုံးသားလေး ချက်ချင်းအရည်ပျော်ကြသွားပြီး ခြေလှမ်းတို့ပါတုံ့ဆိုင်းသွား၏။

ခယောင်းလမ်းကကြင်ရာတော်(mmtrans)ခယောင်းလမ်းကကြင်ရာတော်Where stories live. Discover now