Chapter 37

10.7K 1.4K 75
                                    

warningပေးမယ်လို့ထင်နေတာမလား?😂

မြောက်များလှစွာသော နန်းတွင်းသူ မိန်းမစိုးတို့ကအ၀င်၀တွင်ဒူးထောက်ဦးညွှတ်ပြီး အသစ်စက်စက်မင်္ဂလာမောင်နှံကိုကြိုဆိုရန်အဆင်သင့်။ ၀မ့်ရန်ရွီးအိပ်ခန်းသို့၀င်မိမိချင်း စန္ဒကူးနံ့တို့ကမွှေးပျံ့လာလျက် အစေခံနှစ်ဦးက လိုက်ကာတို့ကိုမပေးလာ၏။ အခန်းထဲရောက်ချိန် ၀မ့်ရန်ရွီးပြုံးလျက်နှင့်ပင် အစောင့်တို့အားနှင်လိုက်၏။

"မင်းတို့သွားလို့ရပြီးအပြင်တံခါးမှာသာ ငါတို့လိုတာလုပ်ပေးဖို့နဲ့လက်ဖက်ရည်ဆက်သဖို့အစောင့်နှစ်ယောက်ချန်ထားခဲ့"

ပြောပြီး ခမ်းနားလှသည့်အိပ်ယာနူးနူးအိအိပေါ်တွင် သူ့ရင်ခွင်ထဲပွေ့ချီထားသည့်တုန်ရီနေသည့်စုရီကို ဖြေးဖြေးသက်သာတင်ပေးလိုက်၏။

စုရီမှာတော့မျက်၀န်းတစ်စုံကိုသာ အတင်းဖျစ်ညစ်မှိတ်လျက် အားနည်းချက်ကိုမြန်မြန်ပြမိသည့်သူ့ကိုသူသာအပြစ်တင်နေသော်လည်း အမှန်တရားကိုတော့ သူ့နှလုံးသားက မပြောလည်းသိနေခဲ့ပေပြီ။ သူ့လက်သီးက်ုဆုက်ရင်း၀မ့်ရန်ရွီးကိုအတင်းတွန်းလှန်ဖို့ပြင်လိုက်သော်လည်း မျက်ခွံပေါ်နွေးခနဲဖြစ်သွား၍ အလန့်တကြားမျက်စိဖွင့်ကြည့်လိုက်မိချိန်တွင်တော့ ထိုနွေးခနဲက ၀မ့်ရန်ရွီးသူ့မျက်ခွံကိုလျှက်လိုက်ခြင်းပင်ဖြစ်ကြောင်း။ ၀မ့်ရန်ရွီးရယ်ရင်းနှင့်ပင်

"မင်းမျက်လုံးတွေဖွင့်လာမယ်ဆိုတာ ကိုယ်တော်သိပြီးသား"

ပြောပြီး စုရီလက်သီးဆုပ်ကိုတစ်ချောင်းချင်းစီဖြည်ချလျက်  ချော့မြူသည့်လေသံဖြင့်

"စုစု မကြောက်နဲ့နော် ပထမနည်းနည်းနာမယ်ဆိုပေမယ့် ကိုယ်တော်ညင်သာပါ့မယ်"

စုရီဟက်ခနဲဖြစ်ရင်း မြန်မြန်ပြောလိုက်၏။

"ဘာလို့ကြောက်ရမှာလဲ ငါကခွေးတစ်ကောင်ကိုက်တာလေးပဲခံရမှာ ဒါပေမယ့်မင်းလိုခွေးက မြေခွေးလား ခွေးရူးလား ငါသေချာမပြောနိုင်ဘူး"

စုရီရည်ရွယ်ချက်က ၀မ့်ရန်ရွီးကိုစိတ်ရှုပ်ဒေါသထွက်စေရန်ရည်ရွယ်သော်လည်း ၀မ့်ရန်ရွီးကပန်းနှင့်အပေါက်ခံနေသလားမှတ်လျက် ပျော်ပျော်ကြီးရယ်လျက်နှင့်

ခယောင်းလမ်းကကြင်ရာတော်(mmtrans)ခယောင်းလမ်းကကြင်ရာတော်Where stories live. Discover now