Chapter 68

6.4K 1.1K 25
                                    

ထိုခဏ ခံစားချက်ပေါင်းစုံဖြင့် ၀မ့်ရန်ရွီးသက်ပြင်းဖွဖွချလိုက်သော်လည်း နားပါးသည့်၀မ့်ရန်ရှိုးကြားလိုက်ရသဖြင့် သူ့ခမည်းတော်ကြည့်ရာဖက်လိုက်ကြည့်မိလိုက်သော် သူကိုယ်တိုင်ပါနှုတ်ဆိတ်သွား၏။ မိဖုရားခေါင်ကြီးနှင့်ကိုယ်လုပ်တော်ယင်အပြင် ကျန်ရှိသည့်လူများလည်း ၀မ့်ရန်ရွီးသားအဖ၏ထူးထူးဆန်းဆန်းအမူအရာကြောင့် သူတို့ကြည့်နေသည့်နေရာသို့ အကဲခတ်လိုက်ချိန် နှင်းတောထဲက အထီးကျန်ပုံရိပ်ကို မြင်လိုက်ရသဖြင့် သူတို့ပါ အလားတူ  ငုတ်တုတ်မေ့သွား၏။

အချိန်က ရာသီဥတုမှာ ခိုက်ခိုက်တုန်စေပြီး မြင်မြင်သမျှ ရေခဲတို့ဖြင့်သာဖုံးနေသည့်အချိန်။ စုရီက ထိုအချိန်မှာ ကျောက်သားလမ်းမပေါ်၌ ရေပုံးနှစ်လုံးကိုသယ်ထား၏။ သူ့ခန္ဓာကလည်းကွေးညွှတ်လျက်။ ခြေထောက်ကလည်း စည်းချက်မညီ နိမ့်တစ်ဖက်မြင့်တစ်ဖက်။ ထို့ကြောင့်​ ခြေလှမ်းတိုင်းအား ဖြေးချရင်း မချော်အောင်ပါထိန်းလျှောက်နေရပါသော ထိုစုရီ၏ အ၀တ်များမှာ ပါးလွနေပြီး အပေါက်ပေါက်အပြဲပြဲနှင့်က အအေးဓာတ်ကိုဘယ်လိုလုပ်ကာပေးနိုင်မှာတဲ့လဲ။ ကံကောင်းသည်ဟုဆိုထိုက်သည်က သူစစ်သူကြီးလုပ်ခဲ့သည့်အရှိန်ကြောင့်ကျန်ရှိနေသေးသည့် အတွင်းအားတစ်ချို့က အအေးဒဏ်ကို ခုခံထားပေးနေသေး၏။ မဟုတ်လျှင် သူအခုအေးခဲသွားသည့်ရုပ်အလောင်းဖြစ်နေလောက်ပေပြီ။

သို့သော် ခင်းထားသည့်ကျောက်တုံးနေရာက ကျဥ်းမြောင်းပြီးရေခဲတို့ဖုံးနေသဖြင့် သတိမထားလိုက်မိခင်မှာပဲ စုရီခြေလှမ်းတို့ကို လမ်းပေါ်ချော်ကျသွားစေတော့သည်။ ကျီနုန် စိုးရိမ်တကြီးအာမေဍိတ်သံထွက်သွားသဖြင့် ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်သော်လည်းမမှီလိုက်။ ခန်းမထဲကလူအားလုံးစုရီဆီအကြည့်ပြုံရောက်သွားတော့၏။

လှဲကျသွားသည့်စုရီဘေးရေပုံးထဲက ရေခဲရေတမျှအေးသည့်ရေတို့က စုရီအ၀တ်ပေါ်သို့ပါဖိတ်ကျကုန်သဖြင့် စုရီမြန်မြန်ပင် ရေပုံးတို့ကိုပြန်ထိန်းမတ်ရန်ခက်ခက်ခဲခဲကြိုးစားလိုက်၏။ သို့သော် ကျိုးနေသည့်ခြေတစ်ဖက်က သူ့ကိုဟန်ချက်မညီအောင်သာ ကူညီလျက် ရေပုံးထဲကရေတို့ပိုပိုဖိတ်အောင်သာစွမ်းဆောင်နေမိတော့၏။

ခယောင်းလမ်းကကြင်ရာတော်(mmtrans)ခယောင်းလမ်းကကြင်ရာတော်Where stories live. Discover now