[14]<Uni>

9K 593 46
                                    

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[14]
•••••••••••••

ရှောင်းကျန့်အိမ်ပြန်ရောက်တော့(9:30PM)။အိမ်ကိုတချက်ဝေ့ကြည့်တော့အလင်းတစွန်းတစနဲ့အိပ်ခန်းလေးကလဲွဲပြီးတအိမ်လုံးမှောင်နေတယ်။အိမ်ထဲရောက်တော့ဘောင်းဘီအိပ်ကပ်ထဲကဖုန်းထုတ်ကာမီးဖွင့်ဖို့လုပ်တော့screenပေါ် ပေါ်လာသည့်Baeဆိုတဲ့contantကmessageတွေကအစီအရီ။

ပထဦးဆုံးmessageလေးက💬ဦး...တဲ့နောက်တော့💬ပြန်မလာသေးဘူးလားဟင်...💬ကျွန်တော့်ကိုထားခဲ့ပြီလား...💬ဦးဘယ်မှာလဲ ကျဲဝမ်ချင်နဲ့ရှိနေတာလား...💬ကျွန်တော်မအိပ်ဘဲစောင့်နေမယ်နော်...💬အိမ်မှာမီးပျက်နေတယ်ဦး...စသဖြင့်နောက်ဆုံးmessageလေးက💬ဦးကျွန်တော်ကြောက်တယ်...တဲ့။ရှောင်းကျန့်messageလဲကုန်ရောစိုးရိမ်စိတ်ကြောင့်သွေးတွေပြောင်းပြန်စီးသွားသလိုလူတကိုယ်လုံးထူပူသွားတယ်။သူclubမှာအချိန်ကုန်နေတဲ့တလျှောက်လုံးBaeကကြောက်နေခဲ့တာလား။သူအတူနေဖို့ခေါ်သွားမိတဲ့ကောင်လေးနဲ့လည်းမအိပ်ဖြစ်။ထိုအစားသေချာတဲ့အဖြေတခုသူရခဲ့ပြီ။Baeကိုသူလိုအပ်သည်။သူ့အက်ျီတွေကိုရန်ရှာရင်းနမ်းရှိုက်ရန်ကြိုးစားလာသည့်ကောင်လေးကိုပြန်နမ်းဖို့ကြိုးစားလိုက်တိုင်းမြင်ယောင်လာတတ်တဲ့Baeမျက်နှာဥဥလေး။မနမ်းဘဲရှေ့ဆက်ဖို့ကြိုးစားမိပြန်တော့လည်းနှခေါင်းထဲအလွတ်ရနေသည့်Baeကိုယ်သင်းနံ့လေးကသူ့လှုပ်ရှားမှုတွေကိုအခါခါရပ်ဆိုင်းစေတယ်။နောက်ဆုံးBaeနေရာမှာဘယ်သူ့ကိုမှအစားထိုးမရမှန်းသိလိုက်တာမို့ထိုကောင်လေးကိုVIP Roomထဲပစ်ထားခဲ့ကာဖရိုဖရဲနဲ့အိမ်ပြန်ရောက်အောင်လာခဲ့ခြင်း။

"Bae!!!..."

ရှောင်းကျန့်Baeဆိုတာကိုတ​ကြော်ကြော်ခေါ်ရင်းအိမ်ပေါ်ထပ်ပြေးတက်သွားလိုက်တယ်။အမြန်ပဲမီးလင်းနေတဲ့အိပ်ခန်းလေးထဲဝင်ကာအခန်းကိုပတ်ကြည့်လိုက်တော့နံရံထောင့်မှာတိုးကပ်ထိုင်နေသည့်ကောင်လေး။အတော်ကြောက်နေခဲ့ပုံပဲ။

"Bae..."

သူ့ခေါ်သံကြောင့်ခေါင်းလေးထောင်ကြည့်လာသည့်ကောင်လေးကမျက်ရည်တွေရွှဲနစ်လို့။အံ့သြဝမ်းသာသလိုမျက်လုံးလေးတွေနဲ့လှမ်းကြည့်နေတဲ့ကောင်လေးကိုအ​ပြေးလေးပွေ့ဖက်လိုက်မိတယ်။

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now