[42]🔥<Uni>

11.7K 540 53
                                    

__________
Unicode
__________

ဦးရဲ့အဖြည့်ခံ~~~[42]
•••••••••••••

"Bae...သမီးလေးကBaeနဲ့တူတယ်..."

"အဟင်း...ဦးနဲ့ပိုတူတာပါ...ကြည့်ပါလား ဘယ်ကတည်းကနို့စို့ချင်နေတာလဲမသိဘူး..."

သမီးလေးလက်ထဲနို့ပုံလေးထည့်ပေးရင်းနှုတ်ခမ်းလေးထော်ကာပြောသည့်ပါးပါးပေါက်စနလေး။ရှောင်းကျန့်နဲ့ရိပေါ်အလယ်ကလသားအရွယ်ကလေးလေးကနို့ပုံကိုတပြွစ်ပြွစ်စုတ်ရင်းမျက်လုံးဝိုင်းလေးတွေနဲ့ဟိုကြည့်ဒီကြည့်။

"အဟက်...ကိုယ်ကအရမ်းစို့လို့လားBae..."

"ဦး!!!..."

ရှက်သွေးဖြာသွားသည့်ကလေးငယ်ကမျက်လုံးလေးပြူးလို့မာန်မဲလာတာမို့ပါးမို့မို့လေးတစ်ဖက်ကိုလှမ်းဖြစ်ညှစ်လိုက်မိတယ်။

"မအော်ရဘူးလေBaeရာ...သမီးလေးလန့်သွားပါဦးမယ်..."

"ဟွန့်!..."

နှာခေါင်းလေးရှုံ့လို့သမီးလေးကိုကလိနေသည့်ကောင်လေး။ချစ်စရာမိသားစုလေးပိုင်ဆိုင်ထားသည့်ရှောင်းကျန့်ကခုတော့အရာရာပြီးပြည့်စုံလို့။ရှောင်းပါးနဲ့ရှောင်းမားလည်းရိပေါ်ကိုလက်ခံသွားကြပြီဖြစ်ပေမဲ့ခုချိန်ထိရှောင်းကျန့်Baeကိုလက်ထပ်ခွင့်မတောင်းရသေး။

"ဦး...သမီးလေးအိပ်ပျော်သွားပြီ ပုခက်ထဲထည့်ပေးဦး..."

laptopတလုံးနဲ့ကုတင်ခေါင်းရင်းကိုမှီကာအလုပ်ရှုပ်နေသည့်ရှောင်းကျန့်။Baeအမိန့်ကျလာတာနဲ့လုပ်လက်စတွေဘေးထားကာအိပ်ပျော်နေသည့်သမီးလေးကိုချီပြီပုခက်ထဲထည့်သိပ်ပေးလိုက်တယ်။

"Bae...အရမ်းပင်ပမ်းနေလား စောစောအိပ်ရာဝင်တော့..."

ကုတင်ပေါ်ပြန်တက်လာရင်းမှေးနေသည့်ကလေးငယ်ခေါင်းလုံးဝါလေးကိုပွတ်သပ်ရင်းပြောတော့ရှောင်းကျန့်ပေါင်ကိုခေါင်းခုအိပ်လေရဲ့။

"ဟအင်း...ဦးအိပ်မှကျွန်တော်လည်းအိပ်မယ်..."

"ဖြစ်ပါ့မလား...Baeကြည့်ရတာနေ့လည်ကတည်းကပင်ပမ်းနေသလိုပဲ..."

"အင်း...ရတယ် ဦးလုပ်စရာရှိတာလုပ်လေ ကျွန်တော်စောင့်နေမယ်..."

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now