[35]<Uni>

7.6K 510 102
                                    

_________
Unicode
_________

ဦးရဲ့အဖြည့်ခံ~~~[35]
•••••••••••••

"ဝမ်လေး...ဒေါ်လေးသားကြိုက်တတ်တဲ့ခေါက်ဆွဲကြော်ထားပေးတယ်...လာ စားကြည့်ဦး..."

အခန်းထဲခေါက်ဆွဲပန်းကန်ကိုဗန်းလေးနဲ့သယ်လာသည့်ဒေါ်လေးကရိပေါ်နဘေးမှာလာဝင်ထိုင်တယ်။အခန်းထဲကအခန်းပြင်ပင်မထွက်တော့သည့်ရိပေါ်ကအရင်ကစကားတွေညံစီနေအောင်ပြောသလောက်ခုတော့အချိန်တိုင်းငေးငေးငိုင်ငိုင်နှင့်တခွန်းမေးတခွန်းဖြေတောင်မရှိသလောက်ပင်။

"ဝမ်လေး...သားမနက်ကတည်းကဘာမှမစားရသေးဘူးလေ...နဲနဲလောက်စားလိုက်နော်..."

"ဟအင်း...ကျွန်တော်ဗိုက်မစာဘူးဒေါ်လေး..."

"ဝမ်လေးကလိမ္မာပါတယ်...ဒေါ်လေးကဝမ်လေးကြိုက်တတ်မှန်းသိလို့တမင်တကာလုပ်ပေးတဲ့ဟာ...နဲနဲလောက်ဖြစ်ဖြစ်စားလိုက်နော်..."

"အွန်း..."

ရိပေါ်ရှေ့ခေါက်စားပွဲလေးပေါ်ကခေါက်ဆွဲကြော်ပန်းကန်လေးကိုဇွန်းခရင်းတပ်ကာထိုးပေးလာသည့်ဒေါ်လေးကြောင့်ရိပေါ်တလုပ်လောက်ယူစားမိတယ်။သူ့ကြောင့်အနားကဒေါ်လေးနဲ့ကောကိုမခက်ခဲစေချင်ဘူးလေ။

*Bae...စားကောင်းလား...တော်ပြီ အများကြီးမစားနဲ့တော့ဗိုက်အောင့်မယ်...*

ပြန်ကြားယောင်မိသည့်ဦးဂရုစိုက်ယုယမှုတွေ။ရိုးရိုးခေါက်ဆွဲကြော်စားနေရင်းဦးချက်ကျွေးသည့်pastaစပ်စပ်လေးကိုလွမ်းမိသည့်ရိပေါ်။ပါးစပ်ထဲခေါက်ဆွဲဖက်တွေတမြုပ်မြုပ်ဝါးရင်းပါးပြင်ထက်တအိအိပြိုဆင်းလာသည့်မျက်ရည်တွေလည်းသတိမမူမိ။

"အင့်!..."

"ဝမ်လေး...ဘာဖြစ်လို့လဲ...အင့်...ရေသောက်လိုက်နော်..."

ကဗျာကရာရေခွက်လေးကမ်းပေးသည့်ဒေါ်လေးကိုရိပေါ်မျက်ရည်တွေနဲ့ခေါင်းရမ်းပြမိတယ်။

"ကျွန်တော်ဦးကိုမေ့လို့မရဘူးဒေါ်လေး...အီး...ဟီး...ဟီး...အင့်...ဟင့်..."

"ဝမ်လေးရယ်...ဒေါ်လေးရင်မောလိုက်တာကွယ်..."

တအင့်အင့်ရှိုက်နေသည့်ကောင်လေးဆံပင်အုပ်အုပ်လေးကိုသပ်ပေးရင်းဇီရွှမ်မားမှာစိတ်မချမ်းသာ။

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now