[34]<Uni>

7K 525 92
                                    

_________
Unicode
_________

ဦးရဲ့အဖြည့်ခံ~~~[34]
••••••••••••

"ကိုကို မနက်ဖြန်လာကြိုဖို့မမေ့နဲ့နော်..."

"အင်းပါ...ကိုယ်မေ့မယ်ထင်လို့လား..."

ခေါင်းလေးကိုပုတ်ပေးလိုက်တော့နူးနူးညံ့ညံ့လေးပြုံးပြလာသည့်ဇီရွှမ်ချစ်သူလေးရန်လီ။ချစ်သူသက်တမ်းတစ်နှစ်ပင်မပြည့်သေးပေမဲ့ဇီရွှမ်နဲ့ရန်လီကမကြာမီလက်ထပ်တော့မည့်ချစ်သူစုံတွဲတွေပင်ဖြစ်ခဲ့လေပြီ။မနက်ဖြန်wedding dressသွားရွေးဖို့အရေးတနေကုန်တတွတ်တွတ်မှာနေသည့်ကောင်မလေးကိုဇီရွှမ်အရင်လိုနားငြီးတယ်လို့မငေါက်မိတော့။

"ဒါဆို ကိုကိုပြန်မယ်နော်ရန်လီ..."

"ဟုတ်ကိုကို...ဂရုစိုက်မောင်းနော်...မွ!..."

ပကာသနတွေမက်မောလွန်းတာမဟုတ်ပေမဲ့သူဌေးသမက်လောင်းဖြစ်သည့်ဇီရွှမ်က မာစီးဒီးကားနက်ကြီးနှင့်အိမ်ပြန်ရတယ်။ခြေဖျားလေးထောင့်ကာပါးတစ်ဖက်ကိုလာမွသည့်ရန်လီကြောင့်ဆန့်ကျင်ဘက်ရှက်သွေးဖြာရသူကဇီရွှမ်သာ။ရန်လီ့နှာခေါင်းလေးကိုတချက်ဖြစ်ညှစ်ရင်း ကောင်မဆိုးလေးလို့ဆိုကာကားလေးမောင်းထွက်လာလိုက်တော့တယ်။

❤💚_____________________

"ဝမ်လေး!!!..."

"ကော...အင့်!...အီး...ဟီး...ဟီး..."

အိမ်ပြန်ရောက်လို့ဧည့်ခန်းထဲ​ခြေချမိရုန်ရှိသေးမားကိုဖက်တွယ်ကာငိုရိုနေသည့်ဝမ်လေးကြောင့်ဇီရွှမ်ထူပူသွားရတယ်။ရင်ခွင်ထဲပြေးဝင်လာသည့်ဝမ်လေးကိုကျောလေးပုတ်ပေးရင်းမားကိုဘာလဲဆိုကာမေးမိတော့မားကမျက်နှာမကောင်းစွာခေါင်းရမ်းပြတယ်။

"ဝမ်လေး...ဘာဖြစ်လာတာလဲ ကောကိုပြော..."

"ဟအင်း...အီး...ဟီး...ဟီး...ဟင့်..."

ပုခုံးလေးနှစ်ဖက်ကိုအသာဖြစ်ညှစ်ရင်းမျက်နှာချင်းဆိုင်မေးမိတော့ခေါင်းကိုခါရမ်းရင်းတအီအီသာငိုနေသည့်ဝမ်လေး။မျက်ရည်တွေရွှဲနစ်ကာနီရဲနေသည့်မျက်လုံးလေးတွေ မို့အစ်နေသည့်မျက်ခွံလေးတွေကဝမ်လေးဘယ်လောက်တောင်ငိုထားကြောင်းမှန်းဆလို့ပင်မရ။

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now