[36]<Uni>

8.3K 551 67
                                    

_________
Unicode
_________

ဦးရဲ့အဖြည့်ခံ~~~[36]
•••••••••••••

"ကျွန်မလက်မခံပါဘူးဖာသာ!!!..."

"ဟင်..." "ဟာ..."

ဖာသာအသံကလွဲတိတ်ဆိတ်နေသည့်ဘုရားကျောင်းအတွင်းပြတ်ပြတ်သားသားထွက်လာသည့်မိန်းမတစ်ယောက်အသံ။လှုပ်လှုပ်ရှားရှားဖြစ်သွားသည့်လူတွေမှာဟင်ခနဲဟာခနဲတအံ့တသြ။ရှောင်းကျန့်လည်းထို့နည်းတူအံ့သြသွားရပေမဲ့ဆန့်ကျင်ဘက်ထိတ်လန့်သွားသူကဝမ်ချင်။

"မယ်ရီ!!!..."

အသံရှင်ကဝမ်ချင်၏အယုံကြည်ရဆုံးသူငယ်ချင်းမယ်ရီပင်။ဝမ်ချင်နဲ့အနီးဆုံးမှာထိုင်နေသည့်မယ်ရီကထိတ်လန့်နေတဲ့ဝမ်ချင်ကိုမထီတရီပြုံးပြရင်းမတ်တပ်ထရပ်လိုက်တယ်။

"ဒီမဂ်လာပွဲကို ကျွန်မကန့်ကွပ်တယ်ဖာသာ!!!..."

တလုံးချင်းပြောလိုက်သည့်မယ်ရီ ကိုဝမ်ချင်မှာမယုံကြည်နိုင်ခြင်းများစွာနဲ့ရပ်ကြည့်နေမိတယ်။ဘာလို့ ဘာလို့ကန့်ကွပ်သူကသူ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေရတာလဲ။

"မယ်ရီ...နင်ဒါဘာသဘောလည်း..."

"အဟက်...ဘာသဘောလည်းဟုတ်လား...နင်ကရှောင်းကျန့်နဲ့လက်ထပ်ရမှာမဟုတ်ဘူးဝမ်ချင်...နင့်ဗိုက်ထဲကကလေးအဖေနဲ့ပဲလက်ထပ်သင့်တာ..."

"ဘာ!...မင်းဘာကိုပြောချင်တာလဲ..."

မယ်ရီ ့စကားကြောင့်ရှောင်းကျန့်နားမလည်ဟန်မေးလိုက်မိတော့ဝမ်ချင်ကရှောင်းကျန့်လက်မောင်းကိုဖက်တွယ်လာတယ်။

"မောင်...သူပြောတာနားမထောင်နဲ့...မယ်ရီ...နင်မဟုတ်တာတွေလာမပြောနဲ့နော်..."

"ငါပြောမဲ့မဟုတ်တာတွေက နင်လိမ်ညာထားတဲ့အမှန်တရားတွေပဲဝမ်ချင်..."

"နင်မပြောနဲ့နော်...နင်ထွက်သွားလိုက်တော့မယ်ရီ..."

တခုခုကိုအကြီးအကျယ်ထိတ်လန့်နေသည့်ဝမ်ချင်။ပြောရင်းရှောင်းကျန့်နဘေးကနေမယ်ရီ ့လက်ကိုဆွဲပြီးခန်းမပြင်ထုတ်ဖို့လုပ်တယ်။

"ဝမ်ချင် မင်းနေစမ်း...ဒီမှာဘာတွေဖြစ်နေတာလဲ ကျွန်တော့်ကိုနားလည်အောင်ရှင်းပြပေးနိုင်မလား..."

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now