Chapter 15 💙

1.3K 115 12
                                    

Unicode

မနက်မိုးလင်းတော့ ကလေးလေးကနှိုးစရာတောင်မလိုပဲ နိုး​ေနပြီးအဝတ်အစားတွေတောင်လဲကာ Mewကိုဆိုဖာပေါ်ငိုက်ရင်းထိုင်စောင့်နေတာတွေ့တော​့Mewလဲအမြန်လုပ်စရာရှိတာကိုပြေးလုပ်ရတယ်။

အားလုံးပြင်ဆင်ပြီးတာနဲ့ဆိုဖာပေါ်အိပ်နေတဲ့Gulfကိုနှိုးပြီး ကျောင်းကိုထွက်လာတော့ မနက်၅နာရီ ၁၅

Gulfက hoodie အပွ ခဲရောင်ကိုဝတ်ပြီး shoeအဖြူ ကွာတားဘောင်းဘီအနက်လေးနဲ့ကျောပိုးအိတ်ကိုလွယ်ထားတဲ့ပုံစံလေး
လူငယ်ဆန်မှုနဲ့အတူ ငယ်ရွယ်နုပျိုမှုကအပြိုင်ဖြစ်နေတယ်။

ကားမောင်းလာတဲ့တစ်လျှောက်လုံးဘေးမှာတစ်ခေါခေါနဲ့ အိပ်ပျော်လာတဲ့ကလေးလေးကိုကြည့်ပြီးMewရဲ့စိတ်တို့ဂနာမငြိမ်ချင်

ကလေးကလူငယ်တအားဆန်နေလွန်းတယ် ဝတ်ထားတဲ့ဘောင်းဘီကဒူးအထက်နားရောက်နေတယ်။ ခေါင်းလျှော်လာလို့ရေမစိုမ​ခြောက်က လှိုင်းတွန့်ရှိတဲ့ကလေးဆံပင်တွေနဲ့ကအလှပြိုင်နေကြသလိုပဲ

ဒီကောင်လေးကစိတ်မချစရာကောင်းလောက်အောင်ချစ်ဖို့ကောင်းနေတယ်။

ကျောင်းနားရောက်ခါနီးအိပ်နေတဲ့ကလေးကိုမနှိုးရက်ပဲခဏလောက်ထိုင်ကြည့်နေမိတယ် နှုတ်ခမ်းလေးက ကကြီးပုံကိုမှထူထူဖူးဖူးလေးငုံထွေးချင်စရာ စင်းကျနေတဲ့မျက်တောင်လေးတွေက မျက်ဝန်းအလှအတွက်ထောက်ပံ့ပေးနေသလို ကလေးသိပ်မကြိုက်ဘူးလို့ပြောတဲ့နားရွက်လေးတွေက အိပ်နေတဲ့အချိန်မှာတောင်ရဲရဲသွေးနီလို့ ကလေးကငေးကြည့်ရုံနဲ့တောင် မြတ်နိုးရတာမျိုးများလား ပက်သက်ခွင့်ရှိပြီးပိုင်ဆိုင်ခွင့်မရှိတာတောင် ပျော်ရွှင်ရတာမျိုးလား ကလေးကဘယ်တော့လောက်ဆို ကိုယ်နဲ့ချစ်ခွင့်ရမဲ့ သက်ရှိထင်ရှားအလှတရားလေးလဲ ဘယ်တော့လောက်များမှ ကိုယ်နဲ့ထပ်တူကလေးကချစ်ခွင့်ပေးမှာလဲ။

Mewဆက်ကြည့်နေရင် ကမ်းခြေတောင်ရောက်လောက်မယ်မထင်တာနဲ့

"ကလေး ထတော့​ ရောက်နေပြီနော်"

"ဟင် အင်း အင်း အဲ့တာဆိုကျွန်တော်သွားတော့မယ်နော်"

အိပ်ချင်းမူးတူးပုံစံနဲ့ကားပေါ်ကဆင်းသွားတဲ့Gulfကိုစိတ်မချသလိုကြည့်​နေရင်း ကားတစ်ဘီးစီးလှိမ့်ရင် Gulfလမ်းလျှောက်နေတာကိုကျော်တက်လာခဲ့တယ်။ Backမှန်ကနေမြင်ရတဲ့ကလေးပုံစံလေးက ရင်ခွင်ထဲထွေးပွေ့ဆွဲသွင်းချင်စရာလေးပါပဲ။

We Got Married Where stories live. Discover now