Chapter 6 💙

1K 89 7
                                    


Unicode

ညကတည်းကအားလုံးသိမ်းဆည်းထားပေမယ့် နှစ်တွေအကြာကြီးနေခဲ့တဲ့အိမ်မို့လို့ ပစ္စည်းတွေက ဟိုဟာလိုကောက်ထည့်ဒီဟာလိုကောက်ထည့်နဲ့ မေမေ နဲ့ Gulf အတော်လေးကိုအလုပ်ရှုပ်နေတာ မနက် ၁၁လောက်ရောက်သွားတဲ့အထိပဲ။

ဖုန်းမြည်သံကြားတော့မှ မေမေဖုန်းကောက်ကိုင်လိုက်ရင်း အိမ်ရှေ့မှာ Mewတို့မိသားစုရောက်နေပြီဆိုတာ Gulfသိလိုက်ရတယ်။
မြန်မြန်ထည့်စရာရှိတာထည့်ရင်း သားဖြစ်သူကိုမေမေလှမ်းပြောလို်က်တယ်။

"သားရေ Lynnတို့ရောက်နေပြီတဲ့ ပြီးရင်မေမေတို့သွားရအောင်လေ"

Gulfလဲ အထုပ်အပိုးတွေကိုသယ်ရင်း အောက်ကိုဆင်းလာလိုက်တယ်။ အိမ်ထောင်ပရိဘောဂနဲ့ မီးဖိုချောင်သုံးပစ္စည်းတချို့ကလွဲရင်အာလုံးသယ်နေတဲ့မေမေ့ကိုကြည့်ရင်းGulfတချက်ပြုံးမိတယ် သူ့ ပစ္စည်းတွေကိုမထားရက်နိုင်ခဲ့ဘူးနဲ့တူပါရဲ့။

Gulfလဲအဝတ်အစားတွေရယ် ကျောင်းစာအုပ်တွေ တစ်ကိုယ်ရည်သုံးပစ္စည်းတွေရယ် ပြီးတော့သူ့ဝါသနာပါတဲ့ဘောလုံးနဲ့ဆိုင်တဲ့ posterတွေ ပစ္စည်းတချို့ကိုတော့မပါမဖြစ်သယ်သွားမှရမှာမို့အကုန်ထည့်လာခဲ့လိုက်တယ်။ Gulfအတွက်ဒါကပထမဆုံးအ​ကြိမ်အိမ်ပြောင်းတာမဟုတ်ပေမယ့် ပထမဆုံးပြောင်းတုန်းက အရုပ်လေးတရုပ်ပဲပိုက်ရင်းမေမေ့နောက်ကလိုက်လာပြီး ခမ်းခမ်းနားနားအိမ်ကြီးကနေ ဒီအိမ်လေးကိုပြောင်းလာတဲ့အချိန်ကိုသတိရမိတယ်။

အိမ်ကနေထွက်ခါနီးတော့ ဆယ်စုနှစ်တခုကြာထိနေခဲ့တဲ့အိမ်လေးကိုမေမေကငေးကြည့်နေမိတာမို့Gulfမေမေရဲ့ပခုံးလေးကိုဖက်လိုက်ရင်း

"မေမေ သွားရအောင်လေ အပြင်မှာသားတို့ကိုစောင့်နေကြပြီ"

မေမေတချက်ပြုံးပြပြီးခေါင်းငြိမ့်ပြလိုက်ပေမယ့် ဝမ်းနည်းနေတဲ့အရိပ်အယောင်ကိုGulfမြင်လိုက်ရတယ်။အိမ်အပြင်ကိုထွက်လိုက်တော့Mewက ကားတစ်စီးနဲ့Mewရဲ့မိဘတွေကကားတစ်စီးနဲ့တွေ့လိုက်ရတယ်။
Gulfရဲ့မေမေကိုမြင်တော့ Mewရဲ့မေမေပြေးလာပြီးဖက်လိုက်တယ်။

"နောက်ဆုံးတော့ တို့တွေအတူနေရတော့မယ်Mayရယ် ကိုယ်တကယ်ဝမ်းသာတယ်သိလား"

We Got Married Where stories live. Discover now