Chapter 10 💙

1.2K 106 6
                                    

Unicode

တီ တီ တီ တီ တီ တီ တီ

Alarmအသံကြားတော့Mewနိုးသွားတယ်။Alarmသံကိုပိတ်ဖို့လုပ်တော့သူ့လက်မောင်းတစ်ဖက်ကိုဘယ်အချိန်ကတည်းကခေါင်းအုံးပြီးအိပ်နေမှန်းမသိတဲ့ကလေးကသူ့ရငရင်ခွင်ထဲမှာနေသားတကျလေးဖြစ်နေတယ်။လက်တစ်ဖက်နဲ့Alarmသံကိုပိတ်ပြီးဖုန်းနာရီကိုကြည့်လိုက်တော့ မနက် ၄နာရီထိုးနေပြီ။
ခဏအကြာဆိုအာရုံတက်ဆွမ်းကပ်ဖို့လုပ်ရတော့မယ်။သူ့ရင်ခွင်ထဲအိပ်မောကျနေတဲ့ကလေးကို မနှိုးချင်ပေမယ့်လဲ လုပ်စရာရှိတာမို့နှိုးလိုက်ရတယ်။

"Gulf Gulf ထတော့လေ မနက်မိုးလင်းနေပြီ ဆွမ်းကပ်ဖို့တွေ​ကူရအုံးမယ်လေ"

Mewလှုပ်နိှုးလိုက်တာကြောင့်
သူ့ရင်ခွင်ထဲကနေ အိပ်ချင်မူးတူးနဲ့နိုးလာတဲ့ကောင်လေးကMewကိုမော့ကြည့်ပြီးမှအတင်းရုန်းထလိုက်တယ်။သူဘယ်ချိန်ကတည်းကသူ ဒီလူ့ရင်ခွင်ထဲရောက်နေတာပါလိမ့်။

Gulfအိပ်ချင်တဲ့စိတ်တွေတောင်ဘယ်လိုပြေသွားမှန်း ရှက်စိတ်ကငယ်ထိပ်ရောက်သွားတယ်။

"ရပြီ ကျွန်တော်နိုးပြီ"

"နိုးရင်ရေသွားချိုးတော့ တော်ကြာမေမေတို့လာခေါ်တော့မယ်ထင်တယ်"

"ခင်ဗျားအရင်သွားချိုး"

"ပြီးရောအဲ့တာဆို ခဏစောင့်နော် ကိုယ်အမြန်ချိုးလိုက်မယ်"

Mewရေချိုးပြင်ဆင်ပြီးတော့Gulfလဲရေမိုးချိုးလိုက်တယ်။Gulfအပြင်ကိုထွက်လာတော့ Mewကအဝတ်အစားတွေအကုန်ဝတ်လို့ပြီးစီးနေပြီ။ ရှပ်အကျီအဖြူစွပ်စွပ်နဲ့စတိုင်ပန်ဘောင်းဘီကြောင့်Mewချောမောတာထပ်သန့်ပြန့်ပြီးကြည့်ကောင်းနေတယ်။Mewကိုရပ်ပြီးငေးကြည့်တဲ့ဖြစ်သွားတာမို့
Mewကလှမ်းခေါ်လိုက်တယ်။

"ဟိတ် ဘာရပ်ကြည့်နေတာလဲ လာ ဒီမှာမင်းဝတ်ဖို့ အဝတ်တွေထုတ်ပေးထားတယ်"

Gulfဝတ်ဖို့ဝတ်စုံကMewနဲ့ချွတ်စွပ်မတူပေမယ့် အပေါ်အဖြူအောက်ကအနက်ရောင်ဘောင်းဘီရှည်မို့ဆင်တူလိုဖြစ်နေတယ်။

"ကျွန်တော်ဝတ်စရာပါပါတယ် ခင်ဗျားဘာသာဝတ်"

"မရဘူး ဒါMae တခါတည်းပြင်ပေးလိုက်တာ မင်းနဲ့ကိုယ်ဝယ်ဖို့ ရွေးခွင့်မရှိဘူး"

We Got Married Where stories live. Discover now