Chapter 22💙

1K 61 0
                                    


Unicode

မနက်ရုံးရောက်တော့ရုံးကလူတွေက Gulfကို ဟိုကြည့်ဒီကြည့်နဲ့ ကြည့်နေကြတော့ ညက Mewနဲ့ ချစ်တာများပြီး လည်ပင်းအရာတွေများထင်းနေလို့များလားဆိုပြီး လည်ပင်းကိုဟိုပွတ်ဒီပွတ်နဲ့ ဖုံးပြီးရုံးခန်းထဲမြန်မြန်လေျှာက်လာခဲ့လိုက်တယ်။

"အဲ့တာပြောတာပေါ့ အရမ်းမလုပ်ပါနဲ့ မနက်ရုံးသွားရပါမယ်ဆိုနေတာကို"

ခပ်တိုးတိုးဆိုရင်း စားပွဲမှာထိုင်တော့ Mildကပြေးချလာတယ်။

"မင်း အဆင်ပြေရဲ့လား Gulf"

"ဟင် ပြေပါတယ် ဘာလို့လဲ လည်ပင်းကအရာတွေတအားထင်းနေလို့လား ဟီးဟီး ငါတို့ညက နည်းနည်းများသွား...."

"ဘာတွေများနေတာလဲ ​မင်းမသိသေးဘူးလားGulf တစ်ရုံလုံးတောင်သိနေပြီလားမသိဘူး"

"ဘာကိုသိရမှာလဲ Mild နားလည်အောင်လည်းရှင်းပြအုံး"

"ဒီမှာ ပုံတွေ မင်းသိပြီးပြီလား"

Mewနဲ့ Maiရဲ့ Bar မှာဖက်လျက်သားပုံတွေ Maiကနောက်ကနေသိုင်းဖက်ထားတဲ့ပုံတွေ
မြင်ရတော့ ချက်ချင်းမျက်ရည်စတွေဟာ မျက်ဝန်းထဲစို့တက်လာတယ်။

ဘာတွေလဲ မနေ့ကထိ Mewရင်ခွင်သူအိပ်နေခဲ့တာ အခုသူမြင်နေရတာတွေကဘာတွေလဲ
မသိနိုင်တော့ဘူး။

"ဒီပုံတွေကဘယ်ကရတာလဲ"

ကျလာတဲ့မျက်ရည်တွေကိုသုတ်လိုက်ရင်း Mildကိုမေးလိုက်တော့

"ငါတို့လည်းသေချာတော့မသိဘူး ဘယ်သူစဖြန့်လည်းဆိုတာ ငါတို့ဆီလည်း သူများ forward လုပ်လို့ရောက်လာတာ ဆရာ့ကိုလည်းရုံးကလူတွေတော်တော်များများသိနေတော့..."

Mewကမနက်ဆိုရင် ရုံးလိုက်ပို့လေ့ရှိသလို တခါတလေ လာကြိုလေ့လည်းရှိတယ်။ ရုံးက စားသောက်ပွဲတွေဆို Gulfကိုစိတ်မချလို့လိုက်လေ့ရှိလို့ သူတို့၂ယောက်ရဲ့ဆက်ဆံရေးကိုမြင်ဖူးတဲ့သူတိုင်းသိကြတယ်။

ပြီးတော့Mewကိုလည်း Bossရဲ့သားမှန်းသိကြတော့ Gulfကိုဆိုရင်အားလုံးကပိုပြီးအလေးပေးလို့ Gulfဆို အမြဲအားနာရတယ်။

"ငါထင်တာတော့ ရုံးကတစ်ယောက်ယောက်ဖြန့်လိုက်တယ်ထင်တယ် နင်အရင် ဆရာMewကိုမေးသင့်တယ် ဘာအကြောင်းကြောင့်တွေ့လည်းဆိုတာ​ကိုနော် Gulf"

We Got Married Where stories live. Discover now