Chapter 4 💙

967 87 10
                                    


Unicode

အချစ်မဖြစ်လာနိုင်တဲ့အဆင့်ကနေအမုန်းတွေအဖြစ်ပြောင်းသွားရင်တောင်Gulfအ
တွက်ပိုင်ဆိုင်ချင်မိတဲ့လူတစ်ယောက်ကMew Suppasitဆိုတဲ့လူသားတဲ့လား။တစ်ဖက်ကတင်းလွန်းကြိုးနဲ့တားထားပေမယ့်ရှေ့ဆက်တိုးမဲ့သူကကျွန်တော်ကိုယ်တိုင်ဖြစ်နေတာမို့် နောင်တရမယ်ဆိုလဲဒီလူ့နားတော့တခါလေးပဲဖြစ်ဖြစ်သွားချင်တာကစိတ်အလို၏ဆန္ဒမို့လို့ကိုယ့်ကိုယ်ကိုယ်အလိုလိုက်ရင်း ဒီလမ်းကိုလျှောက်ဖို့ဆုံးဖြတ်လိုက်တယ်။ပန်းတိုင်အဆုံးမှာစောင့်နေတဲ့သူကအမုန်းတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ကြိုဆိုပြီးအရှုံး​တွေပေးသွန်ချပေးလိုက်ရင်တောင်Gulf ကျေနပ်လိုက်မှာမို့ ဆုံးဖြတ်ချက်ပြတ်သားစွာချလိုက်တယ်။

ဧည့်သည်တွေပြန်သွားတော့မေမေနဲ့အတူ Gulf ထမင်းစားပွဲကိုဝိုင်းသိမ်းပေးလိုက်တယ်။ပြီးတော့Gulf မေမေ့ရဲ့အရိပ်အခြေကိုတချက်ကြည့်လိုက်တယ်။မေမေ စကားမေးအလာကိုစောင့်နေတာက သားလေး ဘယ္လိုသ​ေဘာရလဲ အဆင်ပြေလား ဒီစေ့စပ်ပွဲ
ွဲကိုသားဘက်ကခေါင်းငြိမ့်လာဆိုတာကို မေးလာတာနဲ့ Gulfတခါတည်းအင်းလို့ပြောဖို့ဆုံးဖြတ်ထားတာမို့ပါ။ ဒါပေမဲ့​ေမမေက
တခွန်းမှမဟပဲ သူ့အလုပ်ပဲဆက်လုပ်နေတာမို့ Gulf ဘက်ကပဲချောင်းတစ်ချက်ဟန့်ပြီး စပြောဖို့ဆုံးဖြတ်လိုက်တယ်။

ဖေ​ဖေနဲ့မေမေရဲ့ မဂ်လာဦးတုန်းကသေချာတန်ဖိုးထားသုံးထားတဲ့ ပန်းကန်တွေကိုဒီနေ့အထူးဧည့်သည်တွေကြောင့်သုံးလိုက်တာမို့သန့်စင်ဆေးကြောအပြီးမှာ Gulf နောက်ဆုံးတစ်ချက်ကိုအဝတ်နဲ့သေချာသုတ်ပြီး စားပွဲပေါ်တင်လိုက်ရင်း မေမေ့ကိုစကားစလိုက်တယ်။

"မေမေ......"

"ဟင် အင်း သားလေး ပြောလေ"

Gulf မချင့်မရဲဖြစ်နေပြီးမှ မေမေကိုသေချာကြည့်လိုက်တယ်

"သား ဒီစေ့စပ်ပွဲကိုလုပ်ကြည့်ချင်တယ်"

"ဟင် သား သားတကယ်ပြောတာလား"

"ဟုတ် မေမေ အကယ်လို့စေ့စပ်ပြီး၃လလေ့လာကြည့်ပြီးလို့ သားတို့အဆင်မပြေဘူးဆိုအဲ့ကျရင် လက်ထပ်စရာမလိုဘူးမလား"

We Got Married Where stories live. Discover now