Chapter 17 💙

1.4K 101 7
                                    


Unicode

"ကျွန်တော် ဆင်းတော့မယ်"

ကျောင်းကလူတွေရှိတဲ့အနားကိုရောက်လာတော့Gulfပြောလိုက်တယ်။ ခပ်လှမ်းလှမ်းဆိုပေမယ့် ကြည့်လိုက်ရင်မြင်ရတာမျိုးဆိုတော့ တခြားသူတွေမြင်ပြီး သူများပြောစရာအဖြစ်မခံချင်ဘူး။

Gulfဆင်းဖို့လုပ်တော့ Mewရဲ့ပုခုံးကိုလှမ်းဖက်မိတယ်။ သူဒီတိုင်းခုန်မဆင်းရဲဘူး။Mewကတော့Gulfရဲ့ခါးလေးကိုဖက်လိုက်​ြးြအသာ​းေလးမြေပြင်ပေါ်ချပေးလိုက်တယ်။

"ကျွန်တော်သွားတော့မယ်နော်"

Gulfနှုတ်ဆက်စကားပြောပြီးခပ်သုတ်သုတ်ထွက်သွားတော့Mewမြင်ခွင်တစ်ဆုံးထိငေးကြည့်နေမိတယ်။

ရင်ထဲကရှိသမျှအကုန်လုံးကို အိတ်သွန်
ဖာမှောက်ပြောလိုက်တာမို့ ကလေးရဲ့အချစ်တွေလဲအဖိတ်အသွန်မရှိကိုယ်ခံယူရရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ။

အပြန်လမ်းခရီးမှာ Maiကသူ့သူငယ်ချင်းဆရာမတွေရဲ့ကားနဲ့လိုက်မယ်ပြောတာကြောင့်Mewတစ်ယောက်တည်းမောင်းလာခခဲ့လိုက်တယ်။ဘာအကြောင်းကြောင့် သူနဲ့အတူမပြန်ရတာလဲလို့တော့မမေးမိလိုက်ဘူး။

ဒီလိုနဲ့ပဲ Greenland Campaign လေးအဆုံးသတ်ပြီးကျောင်းရဲ့socialစာမျက်နှာမှာ activities တစ်ခုအနေနဲ့အမှတ်တရကျန်ရှိစေပါတယ်။

*********************

ဒီနေ့ကနားရက်မို့MewကောGulfကော နှစ်ယောက်လုံးကောင်းကောင်းအနားယူမယ်ဆုံးဖြတ်ပြီး နေဖင်ထိုးတဲ့အထိအိပ်ကြမယ်လို့ပြောထားကြတယ်။

တီ တောင် တီ တောင် တီ တောင်

လူခေါ်ဘဲလ်ရဲ့အဆက်မပြတ်ထွက်လာတဲ့အသံကြောင့်Mewငေါက်ခနဲထ ထိုင်လိုက်တယ်။ညကဆိုင်ဖွင့်ပွဲကိစ္စအတွက် လုံးပန်းနေရလို့ နောက်ကျအိပ်ထားရတာမနက်ကိုတော်တော်နဲ့မထဘူးလို့ဆုံးဖြတ်ထားခဲ့တာ။
ဘယ်သူကစောစောစီးစီးလာနှိုးနေတာလဲဆိုပြီးဒေါသထွက် တောက် တစ်ခေါက်ခေါက်နဲ့ထပြီးထွက်လာလိုက်တယ်။

တံခါးရဲ့အပြင်ကိုလှမ်းကြည့်လို့ရတဲ့အပေါက်ကနေတစ်ဆင့်ချောင်းကြည့်လိုက်တော့

We Got Married Where stories live. Discover now