Chapter 20 💙

987 61 11
                                    

Unicode

တံခါးလော့ဖွင့်သံကြားတော့ Gulfကိုယ့်ကိုတောသတိမထားမိပဲ တံခါးစီအမြန်ပြေးသွားလိုက်တယ်။

"ဟယ် ကလေး ဘာလို့ထွက်စောင့်နေတာလည်း ခြေထောက်ကကော ဝှီးချဲလ်နဲ့ဘာလို့မလာတာနဲ့ ဒီတိုင်းဆိုပြန်ထိရင်ဘယ်လိုလုပ်မလဲ"

လူကိုမြင်တာနဲ့ စိတ်ပူပြီး မလွတ်တမ်းပြောတာနဲ့ Gulfနှုတ်ခမ်းဆူလိုက်တယ်

"ခင်ဗျားကကော ဘာလို့နောက်ကျနေတာလည်း ကျွန်တော်စောင့်နေရတာ ကြာနေပြီသိလား"

"Aww လာအထဲဝင်မယ် ဒီလိုကွ ကိုယ်တို့ဆိုင်အတွက် မှာထားတဲ့ ပစ္စည်းတွေ container ဝင်လို့ စစ်နေရလို့ ကြာနေတာကလေးရဲ့"

Gulfကိုတွဲပေးရင် နောက်ကျရတဲ့အ​ကြောင်းကိုရှင်းပြလိုက်တယ်။

"ဆိုဖာပေါ်ခဏစောင့်ကိုယ် ညစာအမြန်ချက်လိုက်မယ်"

ပြောရင်းလှည့်ထွက်သွားတဲ့လူကို Gulfနောက်ကသိုင်းဖက်လိုက်တယ်။

"ဟင် ကလေး ဘာဖြစ်လို့လဲ"

"မငြိီးငွေ့ဘူးလား ကျွန်တော့်ကို ပြုစုနေရတာ"

"မငြိီးငွေ့ပါဘူး ဘာလို့ ငြီးငွေ့ရမှာလည်း နောက်နှစ်တွေအများကြီးဒီလိုလုပ်ပေးရမယ်ဆိုရင်တောင် ကိုယ်ကပျော်နေမှာ"

Gulfဒဏ်ရာရတဲ့တစ်လျှောက်လုံးMew မငြီးမငြူ အစစအရာအရာအကုန်လုပ်ပေးခဲ့တာပဲမဟုတ်လား။

Mewရေ ဟေ့လူ ခင်ဗျား စကားလုံးပေါင်းမျိုးစုံခေါ်ပြီး ခိုင်းခဲ့တာ တစ်ချက်အပြုံးမပျက်ခဲ့တဲ့လူကို Gulfတကယ်အားနာနေမိတယ်။ ပြီးတော့ကျေးဇူးလည်းတင်မိတယ်။

Gulfရဲ့လက်တွေ​ဖြေလျော့ပေးလိုက်ပြီးMewနဲ့မျက်နှာချင်းဆိုင်လိုက်တယ်။

"ကလေးကအားနာနေတာလား အားမနာနဲ့နော် ကိုယ်နဲ့ကလေးက အမြဲတစ်သားရှိနေတဲ့သူတွေဖြစ်နေပြီ ကိုယ်တို့ကနောက် ၇နှစ် နောက်နှစ်၇၀ဆိုလည်း အတူတူရှိနေမဲ့သူတွေလေ သိလား"

"မသိဘူး သွားရေသွားချိုးတော့ ထမင်းစားမယ်"

"ရေချိုးလို့မရသေးဘူးလေ ကိုယ် ဟင်းချက်ရအုံးမယ်"

We Got Married Where stories live. Discover now