Chapter 14 💙

1.1K 93 10
                                    


Unicode

မနက်အလင်းရောင်နဲ့အတူMewနိုးထလာပေမယ့် လူကတော့အခုထိ ရီဝေပြီး အိပ်ချင်နေဆဲပဲ။ မနေ့ကအမှတ်တရကြောင့် ညတုန်းက ရင်ခုန်လွန် အတွေးလွန်ပြီး တစ်ညလုံးလှိမ့်ပြီးအိပ်မရခဲ့တာကြောင့် ခေါင်းထဲတော့နောက်ကျိကျိနဲ့ဖြစ်နေတယ်။

အခန်းအပြင်ကိုထွက်လာပြီး ရေခဲသေတ္တာထဲ ရေတစ်ဗူးဆွဲထုတ် ခွက်ထဲထည့်ပြီး မနားတမ်းသောက်ချလိုက်တယ်။ရေခွက်ကိုစားပွဲကိုချလိုက်တာနဲ့တစ်ပြိုင်တည်းGulf
အခန်းကတံခါးတွန်းဖွင့်လာတယ်။

ခေါင်းကိုတစ်ခုလုံးကိုလက်နဲ့ထိုးဖွပြီး ပါးစပ်ကိုအကြီးကြီးပြဲနေအောင်သန်းရင် GulfနိုးလာတာကိုMewငေးကြည့်နေလိုက်တယ်။ အိပ်ရာနိုးစဌက်ပေါက်ကလေးက အသိုက်ထဲကတွန်းထိုးပြီးထွက်လာသလို အကောင်ပေါက်လေးက မျက်လုံးကိုသေချာမဖွင့် အကျီထဲကိုလက်တစ်ဖက်ထိုးထည့်ရင် သူ့အနားရောက်လာတော့Mewပြုံးပြလိုက်တယ်။

ရုတ်တရက်ဆိုသလို အာပြဲနေအောင်သန်းနေတဲ့ကလေးလေးက ပါးစပ်ကို တိခနဲနေအောင်ပိတ်သွားတယ်။

"နိုးပြီလား Gulf"

Mewအရင်နှုတ်ဆက်လိုက်တော့စကားပြန်မပြောပဲGulfခေါင်းပဲငြိ်မ့်ပြလိုက်တယ်။ပြီးမှ

"ခင်ဗျားလဲအစောကြီးနိုးနေတာလား"

Mewနားကိုလျှောက်လာရင်းရေခွက်ကိုဆွဲယူပြီးရေသောက်ဖို့လုပ်ရင်းပြောလိုက်တယ်။

"ပေး ကိုယ်ထည့်ပေးမယ်"

Gulfရဲ့ရေခွက်ကိုMewဆွဲယူလိုက်ပြီးရေထည့်ပေးလိုက်တော့ကောင်လေးကတစ်ကျိုက်တည်းနေအောင်မော့ချလိုက်တယ်။

"ညက......"

ညဆိုတဲ့စကားကိုGulfကြားရတာနဲ့တပြိုင်တည်း

"အဟွတ် အဟွတ် အဟွတ်...."

"ဟိတ် အာ ရေကိုဘယ်လိုတွေသောက်နေတာလဲ ရရဲ့လား"

Gulfရဲ့ကျောပြင်ကိုအသားပုတ်ပေးရင်Mewပြောလိုက်တော့ Okတယ်ဆိုတဲ့signလေးပြရင်း

"ရပြီ ရပြီ ကျွန်တော်ရပြီ ဘာမှမဖြစ်တော့ဘူး"

"ဖြေးဖြေးလုပ်ပါကွာ လန့်သွားတာပဲ သွား ရေချိုး ကျောင်းသွားဖို့ပြင်ဆင်ချည်း"

We Got Married Where stories live. Discover now