Episode-7

3.2K 358 35
                                    


Zawgyi Version

"ဦးလေးမင်.... ကျွန်တော်ဒီည အိမ်ပြန်မလာဖြစ်ဘူး...
စောင့်မနေနဲ့တော့နော်...."

"ဘာကိစ္စများရှိလို့လဲ ထယ်လေး....?"

"ဟို.... ဂျောင်ကုဆေးရုံတင်ထားရလို့ ... ကျွန်တော်ညအိပ်စောင့်ပေးမလို့ပါ ....."

"အော်.... အေးပါကွယ်...."

"Appa မေးရင်တော့ ကြည့်ကျပ်ပြီးသာဖြေပေးထားပါ
နော်....."

"အေးပါ အေးပါ ဦးလေးမင်ကြည့်ကျပ်ဖြေလိုက်ပါ့မယ်...."

"ကျေးဇူးပါပဲ ဦးလေးမင်....."

ဦးလေးမင်နဲ့ ဖုန်းပြောပြီးတာနဲ့ ကုတင်ဘေးရှိ ဆိုဖာခုံပေါ်
လှဲချလိုက်သည်။
ဘေးတစောင်းမြင်နေရပါသော ဂျောင်ကုသည်တော့
အခုထိသတိမရလာသေးပေ။

ဂျောင်ကုသူငယ်ချင်း ဂျယ်မင်းက လူနာစောင့်ပေးမယ်လို့
ပြောပေမယ့် ဂျောင်ကုကိုမထားခဲ့ချင်သည်ကတစ်ကြောင်း
၊ ဒီလိုဖြစ်သွားရတာလည်း ကိုယ့်ကြောင့်ဆိုသည့် အပြစ်
မကင်းသည်က တစ်ကြောင်းကြောင့် ကိုယ်ပဲ ညအိပ်
စောင့်ပေးခဲ့သည်။

အချိန်ကလည်း မနည်းတော့သည်မို့ မှေးကျလာပါသော
မျက်လုံးများက ဂျောင်ကုမျက်နှာလေးကိုကြည့်နေရင်းနဲ့
မှ တဖြည်းဖြည်းအိပ်စက်ခြင်းဆီခေါ်ဆောင်သွားလေသည်။

"Om...Omma...သား တောင်းပန်ပါတယ်..... သားကိုမမုန်းပါနဲ့.... ဟင့်... Omma .... ဟင့်...."

နားထဲတွင် ညည်းသံလိုလို ငိုသံလိုလို ကြားလိုက်ရသော
အသံတစ်ခုကြောင့် အိပ်နေရာမှ နိုးလာခဲ့သည်။
ပိတ်ထားသောမျက်လုံးများကိုဖွင့်လိုက်သည်နှင့် တွေ့ လိုက်ရသည်က ကုတင်ပေါ်တွင် မျက်လုံးမှိတ်လျက် ဝူးဝူးဝါးဝါး အော်နေပါသော ဂျောင်ကု...။

ဒီကလေး အိပ်မက်များမက်နေတာလား......။
အလျင်အမြန်ပင် သူ့အနားသွားမိတော့ သူ့တစ်ကိုယ်လုံး
ချွေးတွေ ရွှဲနစ်လျက်၊ မှိတ်ထားသော မျက်ဝန်းနှစ်ဖက်ဆီမှလည်း မျက်ရည်တွေက လျှံကျလို့နေသည်။

"Omma.... သားကိုမမုန်းပါနဲ့....."

လေသံတိုးတိုးလေးဖြင့်သာ ဆိုနေပါသော သူ့ရဲ့ စကားသံ။
ဂျယ်မင်းပြောသလို အိပ်မက်ဆိုးကြီးမက်နေပြန်ပြီထင်သည်။

Painful {Completed}Where stories live. Discover now