Zawgyi Versionမှိတ်ထားသောမျက်လုံးများကို အားယူကာဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ရသည်က အဖြူရောင်မျက်နှာကြက်။
ဘယ်ဘက်လက်မှ ဆစ်ခနဲနာကျင်မှုကြောင့်ကြည့်လိုက်မိတော့ ဆေးပိုက်ဖြင့်ဆေးသွင်းထားခြင်း။
ဆေးရုံရောက်နေတာများလား......။
မှတ်မိတာဆိုလို့ hyung ထွက်သွားပြီးနောက် လမ်းမပေါ်လဲကျသွားခဲ့တာကိုသာ။ဒါဆို ဘယ်သူကကိုယ့်ကိုဆေးရုံတင်ပေးတာလဲ..?
လှဲနေရာမှ အလျင်အမြန်ထရင်း ဆေးသွင်းထားသည်ကို ဖြုတ်ပစ်ဖို့လုပ်နေတုန်းမှာပဲ အခန်းတံခါးကပွင့်လို့သည်။"Ya.... မင်း ဘာလို့အဲ့ဒါကိုဖြုတ်နေတာလဲ!?"
ဂျယ်မင်းက ဆေးပိုက်ကိုဖြုတ်နေတဲ့ ကိုယ့်လက်တွေကို အလန့်တကြား လာတားလို့နေသည်။
"ဆေးမှမကုန်သေးတာ! သွင်းထားဦး!"
"မင်းက ငါ့ကိုဆေးရုံတင်ပေးတာလား..?"
"ဟင့်အင်း.... အဲ့ဒီ့ဟိုတယ်ရဲ့ဝန်ထမ်းတွေက မင်းလဲကျနေတာတွေ့လို့ဆိုပြီး တင်ပေးထားကြတာ။ ငါ့ကိုတော့ ဖုန်းဆက်ခေါ်ထားကြတာ။"
"ဟုတ်လား....?"
တိတ်ဆိတ်သွားသော ကိုယ်နဲ့ဂျယ်မင်းရဲ့စကားဝိုင်း။
ဆေးအိတ်ထဲသို့ ဆေးစက်ကလေးတွေ တတောက်တောက်နဲ့ ကျဆင်းသံမှလွဲလို့ တခြားဘာအသံမှ မကြားရပေ။"မင်း ဘယ်အချိန်ထိ ငါ့ကိုဖုံးကွယ်ထားမှာလဲ...?"
အတန်ကြာမှ ဂျယ်မင်းဆီက သက်ပြင်းချသံနှင့်အတူ စကားသံထွက်ပေါ်လာလေသည်။
"တောင်းပန်ပါတယ်...."
"မင်း အရူးလား...? ဘာလို့ ရောဂါကို တစ်ယောက်တည်းကြိတ်မှိတ်ပြီး ခံစားနေရတာလဲ...?"
"ငါ့အတွက်နဲ့ ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး ဂျယ်မင်း...."
"အစ်ကိုထယ်ယောင်းနဲ့ရော အခြေအနေဘယ်လိုလဲ..?"
"သူငါ့ကိုစိတ်နာသွားပြီ.....။ "
"စိတ်နာအောင် မင်းကိုယ်တိုင်ပဲ တမင်ရည်ရွယ်ပြီးလုပ်လိုက်တာမလား...? ငါ အစ်ကိုထယ်ယောင်းနဲ့ သွားတွေ့ပြီး အကုန်အမှန်တိုင်းသွားပြောမှာ....!"
YOU ARE READING
Painful {Completed}
FanfictionTaekook Yaoi Jungkook × Taehyung Both Zawgyi And Unicode Versions are available!