Zawgyi Versionထယ်ယောင်း ကားကိုခြံထဲသို့ ဒုန်းစိုင်းမောင်းလာခဲ့သည်။
အိမ်ရှေ့ရောက်တာနဲ့ ကားဘရိတ်အုပ်လိုက်သောအသံသည် ကျွီခနဲ။
ကားတံခါးကိုလည်းဝုန်းဒိုင်းပိတ်ရင်း အိမ်ထဲကိုခြေလှမ်းကျဲများဖြင့် လျှောက်လာလိုက်သည်။"Appa!! Appa!! တံခါးဖွင့်ပေးပါ!!"
စာဖတ်ခန်းရဲ့တံခါးကို လက်သီးဖြင့်အထပ်ထပ်အခါခါထုရင်း ခေါ်လိုက်တော့ ပွင့်လာတဲ့တံခါးချပ်။
ဟုတ်တယ်၊ Appa နဲ့စကားပြောရတော့မယ်။
Appa တစ်ခုခုလုပ်လိုက်လို့သာ ဂျောင်ကုဘက်ကကိုယ့်ကို ဒီလိုရုတ်တရက်ကြီး လမ်းခွဲသွားတာနေမှာ။
ဘာလို့ဆို ကိုယ်နဲ့ဂျောင်ကုကြား ဘာပြဿနာမှမှမရှိတာ။
ဘယ်လိုပဲပြောပြော ဒါဟာ Appa ရဲ့စနက်ဆိုတာယုံကြည်သည်။"Appa လုပ်လိုက်တာမလား!!"
ဒေါသထွက်ကာပျာယာခတ်နေသောကိုယ့်ပုံစံနဲ့ခြားနားစွာ ပက်လက်ကုလားထိုင်ပေါ်ထိုင်လျက် စီးကရက်ကိုအရသာခံသောက်နေပါသော Appa ရဲ့ပုံစံက အေးဆေးပင်။
"Appa!! ကျွန်တော်မေးနေတယ်လေ!! ဂျောင်ကုကို Appa ဘာတွေခြိမ်းခြောက်လိုက်တာလဲလို့!!"
"စိတ်ကိုငြိမ်ငြိမ်ထားစမ်း ကင်ထယ်ယောင်း!! Kim Group တစ်ခုလုံးကို အုပ်ချုပ်ရမယ့်မင်းလိုလူက ရည်းစားပစ်သွားတာနဲ့ ဒီလိုပျော့ညံ့နေတဲ့ပုံစံဖြစ်နေရင် ဘယ်လိုလုပ်မလဲ!?"
"အဲဒါဆို ကျွန်တော်ထင်တာမှန်တယ်ပေါ့....! "
"ဟုတ်တယ်... ငါသူ့ကိုမင်းနဲ့မပတ်သက်ဖို့ပြောခဲ့တယ်! ဒါပေမယ့် သူ့စိတ်ကိုစမ်းတဲ့သဘောပါ....။
မင်း ငါ့သားနဲ့အဆက်အသွယ်ဖြတ်မယ်ဆိုရင် လိုသလောက်ပိုက်ဆံပေးမယ်လို့ပြောလိုက်တာ...
နှစ်ခါတောင်ပြောစရာမလိုဘူးပြတ်သွားတယ်လေ....။ တကယ်လို့ သူငြင်းရင် ငါကမင်းတို့နှစ်ယောက်ကိစ္စကို စဉ်းစားပေးမလို့! ""မဖြစ်နိုင်တာ.... ဂျောင်ကုက ပိုက်ဆံမက်တဲ့လူစားမျိုးမဟုတ်ဘူး!"
"ပိုက်ဆံမမက်လို့ပဲ မိန်းကလေးတွေဆီကတောင်ပိုက်ဆံချူစားတာလား!!"
".........."
"ထားပါ....! မင်းပြောသလိုပဲ ဒါတွေကအရင်တုန်းကကိစ္စတွေပါဆိုပြီး ခွင့်လွှတ်ပေးဖို့ Appa ကြိုးစားခဲ့တယ်....။ အဲဒါကြောင့်လည်းသူနဲ့သွားတွေ့ခဲ့တာ.....။ Appa ဘက်က ဒီလောက်တောင်လိုက်လျောပေးပြီးမှတော့ မင်းကိုသူတကယ်ချစ်လားမချစ်လား စမ်းသပ်သင့်တယ်မဟုတ်ဘူးလား.... အဲဒါကြောင့် စမ်းသပ်လိုက်တာ.... ကံမကောင်းစွာနဲ့ သူကမင်းကိုတကယ်မချစ်ဘူး...."
YOU ARE READING
Painful {Completed}
FanfictionTaekook Yaoi Jungkook × Taehyung Both Zawgyi And Unicode Versions are available!