Episode-6

3.1K 367 24
                                    


Zawgyi Version

"ဒေါက်တာ..... သူ့အခြေအနေ ဘယ်လိုရှိ‌လဲဟင်....?"

ဆေးရုံကုတင်ထက် လှဲနေသော ဂျောင်ကုကိုကြည့်၍
ဆရာဝန်ကို ထယ်ယောင်းမေးလိုက်သည်။

"လူနာက စိတ်ဝေဒနာ အပြင်းအထန်ခံစားဖူးပုံပဲ.....
အဲဒါကြောင့် သူ့စိတ်က မတည်မငြိမ်ဖြစ်သွားတာပါ...
အခုတော့သက်သာသွားပါပြီ.....သူ အကြီးအကျယ်
စိတ်ထိခိုက်ဖူးတာများရှိသလား....?"

"အဲဒါတော့ ကျွန်တော်လည်းသေချာမသိဘူး....
ကျွန်တော်ကသူနဲ့ခင်တာ သိပ်မကြာသေးတော့.....
ဒါနဲ့ သူက ဘယ်လိုဖြစ်ပြီး စိတ်မတည်မငြိမ်ဖြစ်သွားတာ
လဲဟင်?"

"စမ်းသပ်ကြည့်တာအရတော့ သူမကြားချင်ဆုံးစကားတို့၊
သူသတိမရချင်ဆုံး အဖြစ်အပျက်တို့၊ အဲ့လိုမျိုးဟာတွေကို
ရုတ်တရက် ကြုံတွေ့ လိုက်ရလို့ ရှော့ခ်ရသွားတဲ့သဘောပါ..... သူ့ရဲ့ စိတ်ဝေဒနာက ဘယ်အခြေအနေထိရောက်ခဲ့
လဲဆိုတာ မသိရသေးတော့ ကျွန်တော်တို့လည်း ပြောပြဖို့
ခက်ပါတယ်၊ ဒါပေမယ့် အခုချိန်ကစပြီး သူ့ကိုသေချာဂရု
စိုက်ပေးဖို့တော့လိုလိမ့်မယ်၊ သူခန္ဓာကိုယ်ကော စိတ်
ကော တော်တော်ပင်ပန်းနေတယ်၊ အိပ်ဆေးတွေလည်း
အများကြီးသောက်ထားတာတွေ့ တယ်....."

"ဟုတ်ကဲ့ပါ.... ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ် ...."

"ခွင့်ပြုပါအုံး...."

"Nae..."

ဆရာဝန်ထွက်သွားပြီးနောက် ဘေးနားက ခုံလေးတစ်လုံး
ကိုယူကာ သူရှိရာကုတင်ဘေးနားထိုင်လိုက်သည်။
ဖြူဖျော့နေသောမျက်နှာလေးနဲ့အတူ သွေးအရောင်မရှိ
တော့သော နှုတ်ခမ်းပါးလေးဆီ အကြည့်ရောက်မိတော့
စိတ်မောစွာ သက်ပြင်းချလိုက်မိသည်။

ဆေးပိုက်တွေ သွယ်တန်းထားရသော လက်ကလေးကို
ကိုယ့်လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားမိလေသည်။

တကယ်လို့ ကိုယ်သာ ပြန်လှည့်မလာခဲ့ဘူးဆိုရင် ဒီကလေးအေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ ကူမယ့်သူမရှိဘဲ
နာရီပေါင်းများစွာ လှဲနေရမှာ.....
စိတ်ဆိုးဆိုးနဲ့မို့ ဆူပူအော်ငေါက်ခဲ့ပေမယ့် ဒီကလေးအပေါ် သံယောစဉ်ရှိတာ ကိုယ့်ကိုကိုယ်အသိဆုံး။

Painful {Completed}Where stories live. Discover now