Episode-12

2.7K 312 76
                                    

Zawgyi Version

"ဂျောင်ကု.... ညကျရင် ငါ့ကိုထမင်းစားမစောင့်နဲ့တော့နော်၊ ငါဒီညလဲ ​နောက်ကျလိမ့်မယ်ထင်တယ်..Company မှာ အလုပ်တွေများနေလို့..."

"အင်းပါ... ဒါပေမယ့်အလုပ်များနေတယ်ဆိုပြီး ညစာမစားဘဲတော့မနေနဲ့နော်... စားဖြစ်အောင်စားဦး။"

"ဟုတ်ကဲ့ပါ ခင်ဗျ။ ဒါဆို ဖုန်းချလိုက်ပြီနော်..."

"အင်း.. ချစ်တယ်နော် hyung..."

"ငါလည်း ချစ်တယ်.... "

ဂျောင်ကုကို အိမ်ပြန်နောက်ကျမည့်အကြောင်းဖုန်းဆက်ပြီးနောက် တစ်ခါပြန်ပြီး အလုပ်ထဲခေါင်းပြန်နှစ်ရသည်။
Mr. Yoo ဆိုသည့်လူ ရှယ်ယာတွေထုတ်သွားသည့်အတွက် Company မှာတော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်
ထို့ကြောင့်လည်း အခုထိအိမ်မပြန်နိုင်သေးဘဲ အလုပ်ထဲမှာပင် အချိန်ကုန်နေရခြင်း။
အိမ်စောစောမပြန်နိုင်တာ ဒီနေ့နဲ့ဆို ၃ ရက်လောက်တောင်ရှိနေပြီ.....။

ဒီကိစ္စကြောင့် Appa နဲ့လည်းပြဿနာတော်တော်တက်သွားသည်
မတတ်နိုင်၊ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိုမခွဲခြားနိုင်ရင်တော့ အလုပ်အတူတူဆက်မလုပ်တာပဲကောင်းပါလိမ့်မည်။

*ဒေါက်... ဒေါက်*

တံခါးခေါက်သံကြောင့် အတွင်းရေးမှူး အမှတ်ဖြင့်ဝင်လာရန်ပြောလိုက်သည်။
သို့သော် ဝင်လာသည်က အတွင်းရေးမှူးမဟုတ်၊

"လီမင်ဆူ.... ခင်ဗျားဒီကိုဘာလာလုပ်တာလဲ..?"

ဘောင်းဘီ အိတ်ကပ်တစ်ဖက်ကို လက်ထည့်ထားပြီး မေးတာကိုမဖြေဘဲ ဆောင့်ကြွားကြွားနဲ့
ထိုင်ခုံပေါ်ဝင်ထိုင်လိုက်ပုံက ကိုယ့်မျက်စိထဲ
တော်တော့်ကိုအချိုးမပြေ။
ငယ်ငယ်ကတည်းက သူ့ရဲ့ဒီလိုပုံစံတွေကိုမကြိုက်လို့ ခပ်ကင်းကင်းသာနေခဲ့တာ။

"ခင်ဗျားကိုမေးနေတယ်လေ... နားမပါဘူးလား!?"

"အဟက်... စိတ်လျှော့ပါကွာ....ကိုယ်က ဦးလေးနဲ့ အလုပ်ကိစ္စလေး ဆွေးနွေးစရာရှိလို့လာတာပါ..."

"ဒါက Appa ရုံးခန်းမဟုတ်ဘူး...!"

"ကိုယ်သိပါတယ်..... ကိုယ်ကမင်းနဲ့စကားပြောချင်လို့...."

Painful {Completed}Dove le storie prendono vita. Scoprilo ora