အပိုင်း (၅၁) - တန်ပြန်အစီအစဥ်

Start from the beginning
                                    

"အစ်ကိုကြီး...အပြင်ကိုထွက် အရက်သောက်ပြီး၊ နောက်ထပ် ကစား *အောင် သွားဦးမလို့လား?"

[T/N - ကစား means (go to ဖောင်းဒိုင်းဖောင်းဒိုင်း)]

အန်းရွှယ်ယန် က သူ့ရဲ့ တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို သူ့ရဲ့ ရည်ရွယ်ချက်များအား မှန်းဆနိုင်လိုက်သည်။ ယခုအချိန်မှာ အတော့်ကို နောက်ကျနေပေပြီ။ ဒီအချိန် ထွက်သွားမည် ဆိုကတည်းက ၊ သူသည် သူ့သူငယ်ချင်းအပေါင်းအသင်းလူညံ့များနှင့် လက်ချင်းချိတ်ကာ ဆောင်ကြာမြိုင်သို့ သွားလိမ့်မည်မှာ သေချာပေါက်ပင် ဖြစ်ချေ၏။

အန်းယောင်ကျုံးမှာ သူ့မိဘများဆီမှ ပုန်းလျှိုး လာရသည်မို့ သူ့ညီမကို မြင်လိုက်ရချိန်၌ စိတ်သက်သာရာရသွားသည့်ဟန် သက်ပြင်းချလိုက်လေသည်။

"အိုး...ရွှယ်ယန်...နင်ပါလား။ နင်က ငါ့ကို ခြောက်နေတာပဲ။ ငါ အဖေနဲ့အမေတို့ကို ငါ ညသန်းခေါင်ထိ မီးထွန်းပြီး စာလေ့လာမှာမိုလို့ မနှောင့်ယှက်နဲ့လို့ ပြောထားပြီးသားဟ! ငါ အိမ်မှာ မရှိဘူး ဆိုတာကို နင် အဖေနဲ့အမေကို လုံးဝ သွားမပြောရဘူးနော်"

အန်းရွှယ်ယန် က သူမ၏ လက်ကို မြှောက်လိုက်ကာ သူမအစ်ကို၏ ရှေ့တွင် လက်ဖြန့်လိုက်လေ၏။

"ကောင်းပြီလေ။ ဒီတစ်ခါတော့ ငွေသားတစ်တွဲ လိုချင်တယ် "

အန်းယောင်ကျုံးက သူမ၏လက်ကို ဘေးဘက်သို့ တွန်းဖယ်ပစ်လိုက်သည်။

"ငါ့ကို ဒါမျိုး ထပ်လုပ်ဖို့ ကြိုးစားမနေနဲ့။ နင် ဒီနေ့လည်း ခိုးထွက်တယ်မလား။ ငါက အဖေနဲ့အမေကို နင့်အကြောင်း ပြန်မတိုင်တာတောင် နင်က ငါ့ဆီကနေ နှုတ်ပိတ်ခ တောင်းရဲသေးတယ်ပေါ့။ ဒီနေ့တော့ နင် ကံမကောင်းတော့ဘူး"

သူမမိဘများသာ ဤအကြောင်းကို သိရှိသွားပါက အိမ်ထဲတွင် ပိတ်လှောင်ထားလိမ့်မည်ကို အန်းရွှယ်ယန် သိနေသည်မို့ သူမက ထပ်မံ မတောင်းခံတော့ချေ။ ထိုအစား သူမက စိတ်အားထက်သန်စွာဖြင့် ပြောလာလေ၏။

"အစ်ကို...ငါ ဒီနေ့အပြင်မှာ ရောက်နေတုန်း ဘာကြားခဲ့ရသလဲဆိုတာ ခန့်မှန်းကြည့်။ နင် အဲ့ဒါကို ခန့်မှန်းနိုင်မှာ မဟုတ်ဘူးဆိုတာကို ငါလောင်းရဲတယ်"

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now