Part-16

4.8K 390 41
                                    

အပြာရောင် ပြိုင်ကားလေး တစ်စီးဟာ Adam ၏ ခြံထဲရှိ ကားပါကင်တွင် ရပ်တန့်သွားသည်။ ထို့နောက် မောင်းသူဘက်မှ ကားတံခါးပွင့်လာပြီး အနက်ရောင်ပြောင်လက်နေသည့် ဒေါက်ဖိနပ်တစ်ရံဟာ အရင်ဆုံး ပေါ်ထွက်လာလေသည်။  ထိုဖိနပ်ပိုင်ရှင်ဟာ ကားအပြင်သို့ ထွက်လာပြီး သွက်လက်လှသည့် ခြေလှမ်းများနှင့်အတူ အိမ်ကြီး၏ ဘေးဘက်ရှိ အလုပ်ခန်းသို့ ဦးတည်ကာ လျှောက်သွားလေသည်။

ဒေါက်...ဒေါက်...

ရုံးခန်း၏ မှန်တံခါးကို နှစ်ချက်မျှသာ ခေါက်လိုက်ပြီး ပြန်တုန့်ပြန်လာမည်ကိုမစောင့်တော့ပဲ သူမဟာ တံခါးကို ဆွဲဖွင့်ကာ ရုံးခန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်သွား​လေတော့သည်။

ရုံးခန်းထဲက စားပွဲဝိုင်းကြီးတွင် ဝိုင်းဖွဲ့ကာ အစည်းအဝေး ထိုင်နေသည့် Adam နှင့် သူ၏ ဝန်ထမ်းများဟာ ရုတ်တရက် ခွင့်မတောင်းပဲ ဝင်ချလာသည့် ထိုအမျိုးသမီးကြောင့် အစည်းအဝေးကို ခေတ္တရပ်နားလိုက်ရတော့သည်။

*ဒါ Joe's office မဟုတ်လား။ Adam နဲ့ တွေ့ချင်လို့ပါ *

ထိုအမျိုးသမီးဟာ သူတပ်လာသည့် နေကာမျက်မှန်ကို ချွတ်ကာ ထိုရုံးခန်းကို အကဲခတ်ကြည့်ရင်း ဆိုလာလေသည်။ လက်တွင် နာမည်ကြီး brand တစ်ခု၏ အိတ်ကိုကိုင်ထားကာ ပေါင်လောက်သာ ရှိသော အနက်ရောင် ကိုယ်ကျပ်ဂါဝန်ကို ဝတ်ထားသည့် ထိုအမျိုးသမီးဟာ မြင်သူတိုင်းအဖို့ လှပလှသည့် မြင်ကွင်းတစ်ခုဖြစ်ပေမယ့် ရုပ်လေးနဲ့မှမလိုက် ထိုအမျိုးသမီး၏ မျက်နှာပေါ်မှ အထက်ဆီးဆန်လှသည့် မျက်နှာအနေအထားကြောင့် တစ်ဖက်လူကို စိတ်မသက်မသာ ဖြစ်စေနိုင်ပေသည်။

*ကျွန်တော်က Adam ပါ။ ဒီက... *

Adam ထိုင်နေသည့် ခုံမှ ထသွားကာ ထိုအမျိုးသမီးကို ယဥ်ကျေးမှုရှိစွာ မေးလိုက်လေသည်။

*တို့နာမည် ခင်မေထက် ပါ။ ထက်က Kelvin ရဲ့ မိတ်ဆွေပါ။ ဒီမှာ design အပ်ဖို့ အကြံပေးလိုက်လို့ပါ *

*ကောင်းပါပြီ။ ဒါဆို ကျွန်တော်တို့ အလုပ်ဆွေးနွေးတဲ့ အခန်းထဲမှာ အေးဆေးပြောကြတာပေါ့ *

CONTROL ME Where stories live. Discover now