Part-8

5.2K 375 36
                                    

*အဟား ဟား ဟား.!.. Beauty တဲ့ Beauty အဟိ *

ဟန်မင်းသန့် သူ့ရှေ့မှာ အသံပြဲကြီးနဲ့ ရယ်​နေတဲ့ ခင်နှင်းစက် ခေါ် သူ့ရဲ့ နှစ်ယောက် မရှိတဲ့ သူငယ်ချင်းမကို စိတ်ပျက်သလို ကြည့်​ပေးလိုက်သည်။

*ဟဲ့ အစက်မ။ ဒါက လူတွေရှိတဲ့ စားသောက်ဆိုင်နော် ။ နင်ရုပ်ပျက်အောင်ရယ်နေတာ ငါ့ကိုပါ သူများတွေ ဝိုင်းကြည့်ကုန်ပြီ *

*ကြည့်ကြည့်ပေါ့ဟ ။ ငါ့ဖြင့်ရယ်ဖို့ကို မထိန်းနိုင်လို့ပါဟယ်။ နင့်ကို ဟိုဘဲ​ကြီးက Beauty လို့ခေါ်လိုက်တာနဲ့ နင်က ရှက်လို့ပြေးလာတယ်ပေါ့လေ *

အစက်မဟာ လွန်စွာ အူမြူးနေသည့်အားလျော်စွာ သူ့ရဲ့အဖြစ်ကို လှောင်လို့ကောင်းဆဲပင်ဖြစ်လေသည်။

တကယ်တော့ သူ့ကို အဲ့လိုခေါ်လို့ ရှက်သွားခဲ့ရတာ မဟုတ်ပဲ၊ ထိုလူ့မျက်လုံးထဲက အီစီကလီဆန်တဲ့ အကြည့်တွေကြောင့်သာ သူ ထိုနေရာကနေ ကလေးလေး တစ်ယောက်လို ပြေးထွက်လာခဲ့ခြင်း ဖြစ်လေသည်။

*ထားပါဟာ အဲ့ကိစ္စကို ။ နင်ကော နင့်ရဲ့ ဘဲတွေနဲ့ အဆင်ပြေရဲ့လား *

ဘဲရှုပ်သလောက် ဘယ်တော့မှ မမြဲတဲ့ သူ့သူငယ်ချင်းမလေး အကြောင်းကို သိသည့်အားလျော်စွာ မေးလိုက်လေသည်။ ဒါမှသာ သူ့ကို ဆက်ပြီး မစမှာဖြစ်ပေသည်။

*မမေးစမ်းပါနဲ့ဟာ။ ငါ့လို လူကဲခတ်တော်တဲ့ တစ်မိုးအောက်တစ်ယောက် ခင်နှင်းစက် ဆိုတဲ့ သူက ရှ ခဲ့တယ်တဲ့ဟေ။ ရှ ခဲ့တယ်ဟဲ့! *

အစက်မဟာ လွန်စွာ ရယ်ရခက် ငိုရခက် မျက်နှာနှင့် ရှုံ့မဲ့ကာ ပြောလာတာမို့ သူ့မှာ ရယ်ချင်မိသွား​တော့သည်။

*ဟက်!... နင့်လို လူက ရှ တယ်ပေါ့လေ *

*အေးဟယ်။ ငါတို့အလုပ်မှာ intern လာဆင်းတဲ့ ကောင်လေးပေါ့ဟယ်။ ငါကလဲ ဘဲကြီးတွေနဲ့ တွဲရတာ အီနေပြီဆိုတော့လဲ အဲ့ကောင်လေးက တကယ် အေးဆေးတဲ့ သူမို့ တွဲလိုက်တာပေါ့။ ဒါနဲ့ တစ်လတောင် မကြာပါဘူး သူနဲ့ အတူ intern လာဆင်းတဲ့ နောက်ကောင်လေးတစ်ယောက်နဲ့ တွဲသွားတာပဲဟေ *

ထိုစကား ကြားအပြီးမှာ သူ့မှာ ပိုလို့ပင် ရယ်ချင်မိသွားရ တော့သည်။

CONTROL ME Nơi câu chuyện tồn tại. Hãy khám phá bây giờ