Part-4

5.3K 345 20
                                    

တင်!

ရဲသွေးဟန် သူနေတဲ့ ရှစ်လွှာစီရောက်တော့ ဓာတ်လှေကားဟာ အသံမြည်ကာ ပွင့်လာလေသည်။ ဒါနဲ့ပဲ သူလဲ သူ့ရဲ့ နာနေတဲ့ ခြေထောက်တစ်ဖက်ကို ထော့နဲ့ထော့နဲ့နဲ့ပဲ အားတင်းကာ သူ့အခန်းဆီ လျှောက်လာလိုက်လေသည်။

အခန်းရှေ့ရောက်တော့ အခန်းရဲ့ password ကိုနှိပ်ကာ အထဲဝင်လိုက်လေသည်။ သူ့ခမျာ မောမောနဲ့ လျှောက်လာတာ အိမ်ထဲရောက်တော့ အမောမပြေရပေ။ ဖိနပ်စင်ပေါ်က သူ့ လေးလေးရဲ့ ဖိနပ်ကိုမြင်ပြီးတော့ အမောကိုစို့ချင်သွားတော့သည်။

*ဟူး...*

ဒါနဲ့ပဲ သူလဲ သက်ပျင်းကိုအသာချကာ အိမ်ထဲကိုလျှောက် ဝင်လာတော့ ဧည့်ခန်းက ဆိုဖာမှာ သူ့ကိုကျောပေးကာ ထိုင်နေပြီး laptop တစ်လုံး နဲ့ အလုပ်လုပ်နေတဲ့ ကျောပြင်တစ်ခုကို တွေ့လိုက်ရသည်။

ထိုလူဟာ ပြေပျစ်လျတဲ့ ခန္ဓာကိုယ်ရှိပြီး အရမ်းကြီး မကျယ်ပြန့်ပေမယ့်  ကြည့်ကောင်းလှတဲ့  ပုခုံးပိုင်ရှင်ဖြစ်ပေသည်။ သူ့ရဲ့ အနက်ရောင်ဆံနွယ်တွေကို တိ နေအောင် ပုံသွင်းထားတာကြောင့် နောက်ကကြည့်ရင်တောင် ဖြူအုနေတဲ့ လည်တံ သွယ်သွယ်လေးကို အတင်းသားမြင်နေရသည်။

*နောက်ကျရင် password ပြောင်းထားဦးမှပါပဲ ။ အိမ်ထဲ ဝင်ချင်တဲ့သူတွေ ဝင်နေတာကို... *

ရဲသွေးဟန် သူ့ရဲ့မျက်နှာကို စပ်ဖြီးဖြီးလုပ်ကာ သူ့လေးလေး ထိုင်နေတဲ့ ဆိုဖာဘေးနားမှာ ကပ်ထိုင်ကာ စလိုက်လေသည်။

*ဟမ်း.. ပြန်လာပြီလား ခွေးကောင်လေး ...လာစမ်း! *

ပြောပြောဆိုဆိုနဲ့ လေးလေးဟာ သူ့ကိုတွေ့တွေ့ချင်း laptop ကြီးကို ဘေးကိုချလိုက်ကာ သူ့ရဲ့ နားရွက်ကို လိမ်ဆွဲ​လေတော့သည်။

*အားး! ....လေးလေး...အဲ့တာမပါဘူးလေဗျာ ဟန်လေးက စတာလေ...*

*ဘာမပါတာလဲ ဟမ်? မွှေချင်တာ မွှေထားပြီး အေးဆေးနေတယ်ပေါ့လေ... သိပ်နေလို့ကောင်းနေလား ရဲသွေးဟန်! *

သူ့လေးလေးက လက်ကတော့ နားရွက်ကို မလွှတ်သေးပေ။ ပိုတိုးကာ ဆွဲထားရင်း စကားကို ဒေါသတကြီးဆိုနေသည်။ ဒေါသထွက်နေတာမို့ သူ့လေးလေးရဲ့ ဖြူအုနေတဲ့ မျက်နှာလေးဟာ ခရမ်းချဥ်သီးရောင်လို ပြောင်းသွားကာ တစ်မျိုး ချစ်စရာလေးပင်။ ဒါပေမယ့်လဲ ထိုဖြူအုကာ ချောမောနေတဲ့ မျက်နှာနဲ့မှမလိုက်၊ သူ့လေးလေးဟာ လက်ဆိပ်ရှိသူမို့ ရဲသွေးဟန်မှာ မခံသာပေ။ နားရွက်တစ်ခုလုံး ပူထူနေအောင် ခံစားနေရသည်။

CONTROL ME حيث تعيش القصص. اكتشف الآن