Part-5

8.2K 399 22
                                    

အခန်းထဲ ရှိနေတဲ့ လူသုံးယောက်လုံး၏ ခေတ္တတိတ်ဆိတ်နေတဲ့ အခြေအနေတစ်ခုကို၊ အရင်ဆုံး သတိဝင်လာတဲ့ Adam ကပဲ စတင်ပြီး ဖြိုခွင်းပေးလိုက်ရသည်။

*ယူလာတဲ့ဟာတွေကို စားပွဲပေါ်တင်ခဲ့ ။ ပြီးရင် မင်းသွားလို့ရပြီ *

*ဟုတ်...ဟုတ်ကဲ့ *

Adam ဟာ သူ့ရှေ့က ကြောင်အစွာ ရပ်နေတဲ့ waiter လေးကို အမိန့်ပေးလိုက်တော့ ထိုကောင်လေးကလဲ ခုမှ စိတ်သက်သာရာရသွားသလို သူလုပ်စရာရှိတာကို အမြန်ပင် လုပ်သွားကာ၊ အရိုအသေပေးပြီး အခန်းထဲကနေ ထွက်သွားလေသည်။

ထို waiter လေးအခန်းထဲက ထွက်သွားမှ Adam လဲ သူ့ရဲ့ အောက်မှာ ရောက်နေတဲ့ ကောင်လေးနဲ့ စာရင်းစရှင်းရတော့သည်။

*အော် ...မင်းပဲ။  ဘာလို့ဒီအခန်းထဲရောက်လာရတာလဲ *

*အဟမ်း...ဟို... *

ရဲသွေးဟန် သူ့အား ငုံ့မိုးကြည့်ကာ မေးနေသည့် လူကြီးအား မျက်လု့း ကလည်ကလည်လေးနှင့်သာ ပြန်ကြည့်ကာ ပေးစရာ ဆင်ခြေတို့ မရှိဖြစ်နေရလေသည်။ ထို့ကြောင့် အရင်ဆုံး ဆိုဖာပေါ်မှာ လှဲနေရာမှ သူ့ကိုယ်ပေါ်မှာ အုပ်မိုးထားတဲ့ လူကြီးကို တွန်းဖယ်ကာ ထလိုက်ပြီး တောင်ကြည့်မြောက်ကြည့် လုပ်နေလိုက်သည်။ သူဘာလို့ ဒီလူကြီးနဲ့ တွေ့တိုင်း အမြဲ ရှိန်နေသလိုခံစားနေတာလဲဆိုတာ သူ့ကိုယ်သူပင် မသိတော့ပေ။

*ဘာကိစ္စလဲ။ မင်းရဲ့ စက်ဘီးကို ကိုယ်အသစ်ပြန်ပို့ ပေးပြီးပြီလေ *

ထိုလူကြီးကတော့ သူ့အား တစ်ချက်ပင် ကြည့်ကာ သူ့ဟာသူ အရှေ့စားပွဲပေါ်က ရေခဲစိမ်ထားတဲ့ ဝီစကီကို ယူကာ တစ်ငုံခန့်သောက်လိုက်သည်။ ထိုအခါမှ ရဲသွေးဟန်လဲ ကိုယ်ဟန်ဖို့ဖို့ လုပ်ရတော့သည်။

*အဟမ်း... စက်ဘီးကြောင့် မဟုတ်ပါဘူး ။ ကျွန်တော်က... ဒီတိုင်း... ဟို...ဒီတိုင်း... *

*sh*t! ! ဘာလို့ ပါးစပ်ထဲက ဒါလေးတောင် ပြောမထွက်နိုင်ရတာလဲ *

ရဲသွေးဟန် သူ့ကိုယ်သူ စိတ်ထဲတွင် ကျိန်ဆဲလိုက်လေသည်။
ဘာတွေ ဒီလောက်တောင် တွန့်ဆုတ်နေရတာလဲ သူလဲမသိတော့ပေ။ တွေ့ချင်ရင် တွေ့ချင်တယ် လို့ဒဲ့တိုးပြောတတ်တာ သူ့အကျင့်ပင်ဖြစ်ပေမယ့် ခု​နေ သူစကားတစ်ခွန်းပြောဖို့ကို အတော်အားယူနေရလေသည်။

CONTROL ME Where stories live. Discover now