Part-1

20.4K 559 32
                                    

" Cheers! *

ဖန်ခွက်တွေကို လေပေါ်မြှောက်ကာ အချင်းချင်းတိုက် လိုက်သံနဲ့တစ်ပြိုင်နက် အောင်ပွဲခံသံများနှင့် ဆူညံလို့သွားလေသည်။   ပြီးတာနဲ့ အားလုံးဟာ မာန်တက်နေတဲ့ မျက်နှာအနေအထားတွေနဲ့ လက်ထဲက ခွက်များကို ကျေကျေနပ်နပ်ကြီးမော့သောက်လိုက်ကြသည်။

*ဟက်ရောင် ရဲသွေး၊ ဒီတစ်ခါတော့ မင်းကို ဟိုကောင်တွေ အတော်ဖျားသွားလောက်တယ်ကွ ဟား... ဟား... *

သူ့ရဲ့ လည်ပင်းကို ဘေးကနေထိုင်နေတဲ့ ငသော်က လက်တစ်ဖက်နဲ့ လာဖက်ကာ ​ဂုဏ်ယူစွာပြောလေသည်။

*ဟက်~~ အလကားကောင်တွေပါကွာ ​​​​သောက်ဆရာကြီးတွေ အထာနဲ့ ငါတို့ကို လာစိန်ခေါ်တာလေ ခံပေါ့ကွ.... *

ရဲသွေးဟန် သောက်လက်စ ဘီယာခွက်ကို ထပ်မော့လိုက်ကာ ဘေးက ငသော့်ကိုပြန်ပြောလိုက်သည်။

ဒီညက တကယ်တော့ ရဲသွေးဟန်တို့ အုပ်စုတွေ club တစ်ခုမှာ အောင်ပွဲခံနေကြခြင်းဖြစ်သည်။ အကြောင်းက​​တော့ တက္ကသိုလ်ကျောင်းသား ဘဝထဲက သူတို့အုပ်စုနဲ့ အပြိုင် ထင်ပေါ်ချင်နေတဲ့ လင်းထက် တို့ အုပ်စုနဲ့ ကားပြိုင်မောင်းကြရာမှ သူတို့နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

သူတို့ရဲ့ ပြိုင်ပွဲသဘောတူချက်အရ နိုင်တဲ့သူ ကားကိုပေးကြေး ဖြစ်ပြီး၊ တကယ်လဲ ရဲသွေးဟန်တို့ နိုင်ကော သက်သက် ထိုကောင်တွေကို ဖဲ့ချင်တဲ့စိတ်နဲ့ သူတို့ရှေ့မှာပဲ ထိုကားကို စိတ်ကြိုက်ဖျက်စီး ပြခဲ့လိုက်သည်။ ဒါကြောင့် ဒီညက ပုံမှန် ပွဲတွေထပ်ကို ပို၍အူမြူးနေကြခြင်းဖြစ်သည်။

သူတို့အဖွဲ့ဆိုတာက အားလုံးပေါင်း သူငယ်ချင်း ငါးယောက်ရှိပြီး အားလုံးဟာ ယောကျ်ားလေးတွေပဲ ဖြစ်ကြသည်။ အထက်တန်းထဲက စိတ်တူကိုယ်တူပေါင်းခဲ့ကြတဲ့ သူတွေမို့ တက္ကသိုလ်ကိုပဲ အတူတစ်ကွ ရွေးချယ်ကာ တက်ခဲ့ကြပေသည်။

တက္ကသိုလ်ကျောင်းသားဘဝမှာလဲ အခြားဘယ်သူတွေနဲ့မှ ထပ်မပေါင်းမိ။ သူတို့ငါးယောက်သာ ဆိုးတူကောင်းဖက်ပေါင်းသင်းခဲ့ကြသည်။ တက္ကသိုလ်မှာကတော့ ထုံးစံအတိုင်းပင် စာသိပ်မထူးချွန်ပေမယ့် ရုပ်ရည်ချောမောကာ ပိုက်ဆံရှိတဲ့ သူတို့တစ်သိုက်ဟာ အလိုလိုနေရင်း ကောင်မလေးတွေရဲ့ အသဲကျော်ဖြစ်ကာ မျက်နှာပန်းပွင့်ခဲ့ကြပေသည်။

CONTROL ME Where stories live. Discover now