Part-15

5.1K 343 49
                                    

ဟန်မင်းသန့်တစ်ယောက် laptop တစ်လုံးနှင့် အလုပ်ရှုပ်နေပေမယ့် သူ့ရဲ့ အာရုံတို့ဟာ အလုပ်ထဲတွင် စူးစိုက်ထားလို့ မရပေ။ ထိုအရာတို့၏ အဓိက တရားခံဟာ ဆိုရင်တော့ဖြင့် သူ့ရုံးခန်းထဲက ဆိုဖာခုံပေါ်တွင် အကြော့သားလေး ထိုင်ကာ ကော်ဖီသောက်နေသည့် Kelvin ဆိုသည့် သူကြောင့်ပင် ဖြစ်သည်။

တစ်လောက အိမ်ပြန်လိုက်ပို့ပေးအပြီးမှာ Kelvin ဟာ သူကိုယ်သူမိတ်ဆက်သွားပြီး သူ့ကိုလဲ မရမက လိပ်စာကဒ်တောင်းသွားတာကြောင့် သူလဲ မငြင်းသာပဲပေးလိုက်ရလေသည်။

ပြသာနာက အဲ့ဒီကနေစသည်ဟု ဆိုရမည်။ အိမ်လိပ်စာကော၊ ရုံးလိပ်စာအပါအဝင် personal ဖုန်းနံပါတ်ကိုပါ သိသွားသည့် Kelvin ဟာ သူ့ရဲ့ နေ့စဥ်ဘဝ မှာပါ အမြဲပါဝင်လာခဲ့ပေသည်။ အခုပဲကြည့် ဝန်ထမ်းတွေ တင်ပြထားသည့် လချုပ်စာရင်းများကို စစ်နေသည့် အချိန်တွင် သူကတော့ နေ့လည်စာ စားရန် လာခေါ်သည် ဟူသော အကြောင်းပြချက်ဖြင့် မနက် ၉ နာရီထဲက ရုံးခန်းသို့ ရောက်နေလေသည်။

ပြောရင်းဆိုရင်း ဟန်မင်းသန့် Kelvin ထိုင်​နေသည့် ခုံကို လှမ်းကြည့်လိုက်​ေတာ့ model မ
လန်းလန်းလေးတွေပါသည့် fashion magazine တစ်အုပ်ကို ဖတ်နေသည်ကို ေတွ့လိုက်ရလေသည်။ သူ့ရဲ့ရုံးခန်းမှာ ကော်ဖီလေးသောက်လိုက်၊ magazine လေးဖတ်လိုက်လုပ်နေသည့် သူ့ကြောင့် ဟန်မင်းသန့် စိတ်ထဲ အချဥ်ပေါက်လာရတော့သည်။ ထို့နောက် သူအမြင်ကပ်စွာ စူးစိုက်ကြည့်ပေးလိုက်တော့ သူ့ကိုယ်သူသိစွာ စာဖတ်နေရာမှ မော့ကြည့်လာလေသည်။ ဒါတင်ပဲ မပြီးသေးပေ။ သူ့ကို ဝါးစားမတတ်ကြည့်နေသည့် ကိုယ့်ကို မြင်မြင်ချင်း သူက ပြုံးတောင်ပြလိုက်သေးသည်။

*ဟူး...*

ဟန်မင်းသန့် သက်ပျင်းတစ်ချက် ချလိုက်ရသည်။ဒီလူနဲ့ ဒေါသပြိုင်ထွက်နေလျှင် သူသာ သွေးတိုးရပေလိမ့်မည်။ ဒါပေမယ့်လဲ ဒီအတိုင်း အခန်းထဲမှာ သူ့ကို ထိုင်ကြည့်နေမည့် လူတစ်ယောက်ရှိနေခြင်း ဟာ သူဘယ်နည်းနှင့်မှ အလုပ်ဖြောင့်ဖြောင့် လုပ်နိုင်မည် မဟုတ်ပေ။ ဒါ့ကြောင့် သူပြောတော့ ပြောမှဖြစ်ပေမည်။

*အဟမ်း...ဒီမှာ! ဒီမှာ... သူများ ရုံးခန်းထဲမှာ အဲ့လိုကြီးပဲ ထိုင်နေတော့မှာလား *

CONTROL ME Where stories live. Discover now