Part-12

6K 374 44
                                    

*Bae! Bae! ထတော့လေ... ဟေ့ *

ရဲသွေးဟန် အိပ်နေရင်းမှ နေရောင်ခြည်ပမာ နွေးထွေးလှသည့် ယောကျ်ားတစ်ယောက်၏ အသံနှင့် သူ့ကို ခေါ်နေသည့် အသံကို ကြားလိုက်ရလေသည်။ တစ်ယောက်ထဲ နေသည့်အိမ်မှာ ဘာ့ကြောင့် လူကြီး အသံကိုကြား နေရပါသနည်းဟု သူ့စိတ်ထဲ စဥ်းစားနေရင်းမှ မနေ့ညက အဖြစ်အပျက်များကို ပြန်သတိရသွားသဖြင့် သူအိပ်ချင်မူးတူး ဖြစ်နေသည့် မျက်လုံးအစုံကို ကြိုးစားကာ ဖွင့်ကြည့်လိုက်လေသည်။

မျက်လုံးဖွင့်ဖွင်းချင်းပင် သူ့ကို ငုံ့ကြည့်နေသည့် အပေါ်ပိုင်းဗလာနှင့် လူကြီးကို တွေ့လိုက်ရလေသည်။ သူ့ကို ကြင်ကြင်နာနာနှင့် စိတ်ရှည်စွာ နှိုးနေသည့် ထိုလူကြီးကို တွေ့လိုက်ရတာဟာ သူ့ရဲ့ မနက်ခင်းတွေထဲမှာ အလှပဆုံး ဖြစ်လိမ့်မည်ဟု သူထင်ပါသည်။

*အိပ်ချင်မူးတူးနဲ့ ဘာတွေကြောင်ကြည့်နေတာလဲ Bae ရဲ့ ။ ထတော့လေ ကိုယ်အလုပ်မသွားခင် မနက်စာ စားရအောင်*

လူကြီးဟာ သူ့ကိုပြုံးကာကြည့်ရင်း သူ့ရဲ့ ခေါင်းလေးကို အသာပွတ်ပေးကာ ပြောလာလေသည်။ ဒါ့ကြောင့် သူလဲ ပြန်လည်ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်လေသည်။

*အင်း Bae လာခဲ့မယ်နော် *

*Ok *

လူကြီးဟာ ထိုသို့ပြောကာ သူ့ဘေးနားမှထကာ အခန်းအပြင်သို့ ထွက်သွားလေသည်။ လူကြီးဟာအပေါ်ပိုင်းတွင် အဝတ်မကပ်ဘဲ အောက်က ဘောင်းဘီအရှည် တစ်ထည်သာ ဝတ်ထားလေသည်။ ရင်အုပ်ကျယ်ကျယ်နှင့် ကျစ်လစ်ကာ ကြွက်သားအဖုအထစ် အနည်းငယ်ရှိသည့် လူကြီးဟာ အ​ရှေ့ဘက်တွင် apron နက်ပြာရောင်ကို ဝတ်ထားတာမို့ Hollywood ကားတွေထဲက ခန့်ညားချောမောနေသည့် မင်းသားတစ်ယောက် အပြင်လောကသို့ ခုန်ထွက်လာသလိုပင် ခံစားရလေသည်။ ဒါဆို အိပ်ရာပေါ်က သူကကော?

*ဟားဟား... *

ရဲသွေးဟန် သူ့ဟာသူ့တွေးပြီး ရယ်လိုက်မိသည်။ လူကြီးက မင်းသားဆို အခုသူ့ပုံဟာ မင်းသားနဲ့ အဟွာပြုပြီး ပင်ပန်းထားသည့် မင်းသမီးလေးနှင့်ပင် တူနေလေသည်လေ။
မနက်မိုးလင်းထဲက ပေါက်ရတွေ တွေးနေပါသော ရဲသွေးဟန်ပါလေ။

CONTROL ME Where stories live. Discover now