Part-9

5.1K 436 41
                                    

*လာခဲ့ လေးလေး ဒီမှာ တစ်စက္ကန့်လေးတောင် မနေနဲ့တော့*

ဟန်မင်းသန့် သူ့တူကို တားခွင့်တောင် မရလိုက်။ အဖြစ်အပျက်တွေ မြန်ဆန်လွန်းတာမို့ ဘာလုပ်ရမှန်းမသိ ခဏတာ ကြောင်အစွာ ရပ်ကြည့်နေစဥ် ဟန်လေးက သူ့လက်ကို အတင်းဆွဲကာ toilet အပြင်သို့ ခေါ်လာလေသည်။

*နေပါဦး ဟန်လေးရယ်၊ ဟိုမှာ ဘယ်လိုကျန်ခဲ့လဲ မသိဘူးလေကွာ *

*ဘာလဲ လေးလေးက ဟိုလူ့ကို စိုးရိမ်ပေးနေတာလား !*

*ဟမ်...အဲ့လိုလဲ မဟုတ်... *

ဟန်မင်းသန့်အခုမှသာ သူဘာတွေဖြစ်နေလဲ ပြန်စဥ်းစားမိတော့သည်။ သူဘာလို့ ထိုလူ့ကို စိုးရိမ်ပေးနေရတာလဲ။ အထိုးခံရတာနဲ့ အနမ်းခံရတာဆို သူ့ဘက်ကတောင် ပိုနစ်နာသေးသည် မဟုတ်ပါလား။

*ထားလိုက်။ တစ်ချက်ထိုးရုံနဲ့ အသက်မ​​သေဘူး စိတ်ချ။ အခုတော့ အိမ်ပြန်မယ် လာခဲ့! *

*အင်းပါ *

သူလဲ ထူပူနေတာနဲ့ပဲ သူ့တူတော်မောင် ငေါက်သမျှကို ခံကာ အယောင်ယောင် အမှားမှားနှင့် ခေါင်းတွေသာ ဇွတ်ငြိမ့်ပြီး သူ့တူ ဆွဲခေါ်ရာသာ လိုက်ခဲ့ရတော့သည်။

သူတို့ bar အပြင်ဘက်ကိုရောက်တော့ အစက်မက ပါကင်ကနေ ကားထုတ်ပြီး အဆင်သင့် စောင့်နေသည်ကို တွေ့ရလေသည်။

*တီလေးနှင်းစက် ရတယ် ကျွန်တော်ပဲ မောင်းလိုက်မယ်။ နောက်မှာ လေးလေးနဲ့ ထိုင်လိုက်တော့ *

*အေး အေး *

ထို့နောက် ဟန်လေးဟာ driver seat မှာ ဝင်ထိုင်ရင်း သူနှင့် အစက်မကတော့ နောက်ခန်းမှာထိုင်ကာ ငြိမ်ငြိမ်လေး လိုက်လာခဲ့တော့သည်။

တစ်လမ်းလုံးလဲ သူ့တူတော်မောင်က ဘာစကားမျှ မပြောပေ။အစက်မကလဲ ငြိမ်ငြိမ်လေးသာ ထိုင်နေရင်း သူတို့နှစ်ယောက်ရဲ့ အခြေအနေကို စောင့်ကြည့်နေပုံရလေသည်။ ဒါ့ကြောင့် သူလဲ ဘာမှ မပြောတော့ဘဲ ကားမှန် အပြင်ဘက်ကိုသာ အကြည့်များပို့ ထားလိုက်ရတော့သည်။

သူကားပေါ်မှာ ထိုင်နေပေမယ့် သူ့ရဲ့ ရင်ခုန်သံတွေဟာ မတည်ငြိမ်ခဲ့သေးပါလေ။ တစ်သက်လုံးနေလာရာကနေ နှစ်ကြိမ်ခန့်သာတွေ့ဖူးသည့် လူတစ်ယောက်ရဲ့ အနမ်းကြမ်းတွေကြောင့် သူ့မှာ ဒူးများပင်ခွေကျမတတ်ဖြစ် ခဲ့ရလေသည်။ သူအဲ့အကြောင်းကို ပြန်တွေးလေ သူ့ရဲ့ ရင်ခုန်သံများဟာ ပိုဆိုးလို့ လာသည်မှာ တိတ်ဆိတ်နေသော ကားထဲမယ် သူ့ရဲ့ ရင်ခုန်သံတွေကို တခြားသူတွေကြားသွား မှာတောင် စိုးရိမ်ရလေသည်။ ဒါ့ကြောင့် သူဟာ ထိုင်ခုံ ခါးပတ်ကြိုးကိုသာ ဆုပ်ကိုင်ရင်း မျက်လုံးများ မှိတ်ကာ ရင်ခုန်သံတွေ တည်ငြိမ်သွားအောင် ကြိုးစားနေရတော့သည်။

CONTROL ME Where stories live. Discover now