အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း

Start from the beginning
                                    

အမျိုးသမီးများမှာ နားလည်သွားကြချိန်တွင်တော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြ၏။ ဒါက သူတို့တွေ တွေးမိနေတာများ ဖြစ်နေမလား? အန်းယွီကျီး က လက်ထပ်ပွဲကနေ ထွက်ပြေးသွားတာကြောင့် ၊ အခု ဒီလူက အစားထိုးအနေနဲ့ အန်းမိသားစုက မမလေးတစ်ယောက်ကို ရွေးချယ်ချင်နေတာလား? ဒီလိုသာဆိုရင်.....

အန်းချောင်နှင့် အန်းခယ့်ရှင်း တို့မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲသွားကြသည်။

သူတို့ တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်သည်မှာ ဒီလူက ရိုးရှင်းသည့်သူမဟုတ်လေပဲ ကျွင်းကျီမြို့ကပင် လာသူဖြစ်ချေသည် ကိုပင်။ သူနှင့်သာ လက်ထပ်ပြီးပါက ကျွင်းကျီမြို့ကို ပြောင်းရွှေ့နိုင်ပြီး လူများစွာနှင့်လည်း ဆက်သွယ်နိုင်လိမ့်မည် ဖြစ်သည်။ အာဏာရှိသည့် အရာရှိများနှင့်ပင် တွေ့ဆုံနိုင်ကောင်း တွေ့ဆုံနိုင်လိမ့်မည်။ ယင်းမှာကား ရတနာပုံဆိုက်ခြင်းနှင့်ပင် တူနေချေ၏။

[T/N - နင်တို့ကို ဘယ်သူက ယူမယ်ပြောလို့လဲ 🙂 တကယ် ဝင်မပြောပဲ မနေနိုင်တော့လို့ 🤧]

ဖန်ကျန်းပင်နှင့် ကျန်းပိတို့မှာ သူတို့လောက်တော့ အကောင်းမြင်စိတ်မရှိကြချေ။ ထိုအစား သူတို့က အန်းယွီကျီး လက်ထပ်ပွဲမှ ထွက်ပြေးရသည့် ကိစ္စကို သိချင်နေကြ၏။

ဒီလူ့ကို ဘယ်လိုပင် ကြည့်ကြည့်...ခြောက်ပြစ်ကင်း သဲလဲစင်အောင် ပြည့်စုံလှသည်။ ထူးခြားသည့် အကြောင်းပြချက် ကြောင့်သာ မဟုတ်လျှင် အန်းယွီကျီး လို ပါးနပ်လိမ်မာသည့် မိန်းကလေးက လက်ထပ်ပွဲကနေ ဘာကြောင့် ထွက်ပြေးပါမည်နည်း?။

အနာဂတ်တွင် သူတို့၏ သမီးများမှာ သူတို့အတွက် ထမင်းစားလက်မှတ်များ ဖြစ်လာလိမ့်မည်မို့ သူတို့က ဒီကိစ္စကို ဂရုတစိုက် စဥ်းစားဆုံးဖြတ်ရမည် ဖြစ်သည်။

"ဒီက လူကြီးမင်းက ကျွင်းကျီမြို့မှာ ဘာအလုပ်အကိုင်များ လုပ်သလဲဆိုတာ ကျွန်မ သိခွင့်ရမလား?"

ကျန်းပိက စိတ်လှုပ်ရှားစွာ မေးလိုက်လေ၏။ သူမ၏ မေးခွန်းမေးပုံမှာ အလွန်ပင် မပြေပြစ် ကြမ်းတမ်းလှသည်။ သို့သော်လည်းသူမက သူမ၏ သမီးကို လက်ထပ်ပြီးမှ နောင်တများစွာနှင့် အဆုံးသတ်မသွားစေလိုပါပေ။ ကျွင်းကျီမြို့တွင် နေထိုင်သည့်သူ ဆိုသည်နှင့် အလိုအလျောက် အဆင့်အတန်း မြင့်မားသွားပြီ ဟု မဆိုလိုပါချေ။ ထို့ကြောင့် သူမက အရှက်သိက္ခာကို ထောက်မနေတော့ဘဲ မေးလိုက်ရခြင်းပါပင်။ သို့သော်လည်း သူမ၏ စကားပြောစွမ်းရည်က ပရိယာယ် ကြွယ်ဝနေဆဲဖြစ်၏။ အနည်းဆုံးအနေနဲ့...သူမက လူများအား သူတို့၏ အဆင့်အတန်းကို တိုက်ရိုက်မေးလို့မရကြောင်းကိုတော့ သိထားသေးသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now