အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း

Start from the beginning
                                    

သို့သော်လည်း ဘယ်သူကမှ သူတို့ ဖူဝူထျန်းကို စွဲမက်သွားခြင်းအတွက် အပြစ်မတင်နိုင်ပါပေ။

ဖူဝူထျန်း၏ ရုပ်ဆိုးမှုအပေါင်း ကောလာဟလများ အမြဲလိုလို ပျံ့နှံ့နေပါသည့် ကျွင်းကျီမြို့၌ပင်လျှင် ယခုအခါ တာ့ယာပြည်၏ စစ်နတ်ဘုရားမှာ ခန့်ညားချောမောပြီး လွတ်လပ်စွာ နေထိုင်တတ်သူအဖြစ် သိနေကြပြီ ဖြစ်သည်။

အထူးသဖြင့် လက်ထပ်ပွဲနေ့က ဖူဝူထျန်း ကို မြင်လိုက်ကြသည့် မိန်းမပျိုလေးများပင် ဖြစ်ပြီး ယခုဆို သူတို့၏ နှလုံးသားတွင် သူ့အကြောင်းကို မြဲမြဲမြံမြံ ချည်နှောင်ထားပြီး ဖြစ်ကြ၏။ သူက လက်ထပ်ပြီးသား ဖြစ်တာတောင်မှ မရေမတွက်နိုင်သည့် သူများမှာ သူ့ရဲ့ အင်ပါယာကိုယ်လုပ်တော် ဖြစ်ချင်နေကြဆဲ ပါပင်။ သူလက်ထပ်ပြီးသည်မှာ သုံးရက်မျှသာ ရှိသေးသည်မဟုတ်ပါလျှင် ဖူနန်းတော်တံခါးရှေ့တွင် အမျိုးသမီးထုကြီးမှာ လူတန်းရှည်ကြီးအဖြစ် သေချာပေါက် တန်းစီနေလိမ့်မည် ဖြစ်သည်။

ကျန်းပိ၏ မျက်လုံးများက ဖူဝူထျန်း အပေါ် အကြည့်ရောက်သွား၏။ သူမက လက်ကိုင်ပုဝါကို မြှောက်ကာ နှုတ်ခမ်းကို ကွယ်ဝှက်လိုက်ပါရင်း အပြုံးနှင့် စကားဆိုလာသည်။

"ဒီလူက ကျွန်မတို့ အန်းမိသားစုရဲ့ ဆွေမျိုး မဖြစ်နိုင်လောက်ဘူး။ ဒီက လူကြီးမင်းရဲ့ မိသားစုမျိုးရိုးနာမည်က ဘာလဲဆိုတာကိုလည်း မသိရပါလား? ပြီးတော့ လူကြီးမင်းက ကျွန်မတို့ အန်းမိသားစုရဲ့ ဘယ်ဆွေမျိုးပါလဲ?"

သူမ၏ စကားလုံးများက သိပ်ပြီး ယဥ်ကျေးသိမ်မွေ့မနေပါပေ။

သူမက အန်းချန်တိနှင့် လက်ထပ်ခဲ့သည်မှာ နှစ်နှစ်ဆယ်နီးပါးပင် ရှိနေလေပြီ။ သူမက ဘယ်လိုလုပ်ပြီး အန်းမိသားစုနှင့် တော်စပ်သမျှ ဆွေမျိုးအားလုံးကို မသိပဲနေပါမည်နည်း? ဖူဝူထျန်း နှင့် ဆွေမျိုးမတော်စပ်နေပါလေမှန်း သိသည်မို့ သူမက ဤစကားလုံးများကို ပြောလိုက်ခြင်းဖြစ်ကာ သူမအသံတွင် လှောင်ပြောင်ရိပ်များ စွန်းထင်းနေချေ၏။ အထူးသဖြင့် နောက်ဆုံးစကားဖြစ်ပြီး ယင်းမှာ "နင်က မိသားစုရဲ့ဆွေမျိုးမဟုတ်မှန်း ငါသိသားပဲ" ဆိုသည့်စကားကို မြှုပ်ထားသကဲ့သို့ ဖြစ်နေလေသည်။ ယင်းမှာ လုံးဝကို ဟာသတစ်ခုကို ကြည့်နေသည့်ဟန်ဖြင့် သဘောထား ဖြစ်ချေ၏။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now