ဒီနေ့ Jimin တို့ စာမေးပွဲဖြေတဲ့နေ့မလို့ စိတ်လှုပ်ရှားပြီး မနက်အစောကြီးနိုးနေသည်။
အမှန်တကယ်တော့ သူစာ ကောင်းကောင်းမရသေးပါ ။ ပြန်ကျက်မယ်ဆိုလဲ စိတ်လှုပ်ရှားပြီး အရှေ့က စာကိုမေ့သွားမှာကြောက်လို့ ပြန်မကြည့်တော့ပဲ နေသည်။ သို့ပေမဲ့ အနောက်ကစာကိုလဲ မကြည့်ပါ .....* အမလေး မရဘူး ဒီတစ်နှစ်လည်းအောင်မှ ရမှာလေး ဘယ်လိုလုပ်ရမလဲ အာဟားးဟား *
" ဒေါက် ~ဒေါက် "
"Nae~ appa ၀င်လာလို့ရတယ် "
"အိုးး ဂျီမင်း နေလို့မှ ကောင်းရဲ့လား "
"ဘာ ~ ဘာဖြစ်လို့လဲ appa ရဲ့ "
"မဟုတ်ပါဘူး မနက်အစောကြီးနိုးနေလို့ နေများမကောင်းဘူးလားလို့ "
"မဟုတ်ပါဘူး appa ကလည်း ဒီနေ့ စာမေးပွဲဖြေရမယ့်ရက်မလို့လေး "
"အော် အဲ့လိုလား စာတွေကောအကုန်ရပြီလား "
" nae~ ရပါပြီ appa "
" ကောင်းကောင်းဖြေလာခဲ့နော် "
"ဟုတ် "
" ဒါဆို ခနနေဆင်းလာခဲ့အောက်မှာ မနက်စာပြင်ထားတယ် "
" nae~appa"
..
..
..
..
..
..
သူတို့သားအဖစားနေသောက်နေတုန်းမှာ ထယ်ယောင်းတစ်ယောက် ၀င်လာပြီး" Appa ~ jimin အာညော် "
" အင်း မင်းဘာလာလုပ်တာလဲ စောစောစီးစီး စာမကျက်ပဲ "
"မင်းကလဲ ကွာ ငါစာရပြီမလို့ မင်းနဲ့ကျောင်းတူတူသွားမလို့ လာခေါ်တာ ဒီမှာ မင်းအတွက်မုန့်တွေတောင် ပါလာတယ် ဒီမှာ အိတ်အပြည့်ပဲ ဟဲ~ဟဲ "
" ဟိတ်ကောင် မင်းအကြောင်းငါသိတယ်နော် လာဖားမနေနဲ့ "
သူတို့နှစ်ယောက် ပြောနေကြတုန်း
"ဘာသိတာလဲ ထယ်ယောင်းနဲ့ဘာတွေလုပ်ထားပြန်ပြီလဲ "
" ဘားမှ မလုပ်ထားပါဘူး Appa ကလဲ သူအာချောင်နေတာ "
"ဟုတ်ပါတယ် appa ကလည်း ဟီးးးး "
မျက်နှာစပ်ဖြဲဖြဲနဲ့လုပ်နေတဲ့ ထယ်ယောင်းကို ဂျီမင်း အဖေကတော့ ဘားမြှပန်မပြောတော့ဘဲ အစားသာစားနေလိုက်သည်။