❣️Seven❣️( Zawgyi code)

848 63 6
                                    

မနေ့က ဒယ်ဒီပါးပါးကျေးဇူးကြောင့် ရုံးမသွားရတဲ့အပြင် ငထယ်လေးနဲ့ပါ ကစားကွင်းလေးထဲ ခိုးပတ်လိုက်ရသေးတယ်

ဒီကောင်လဲ ကုမ္ပဏီမှာ အလုပ်လုပ်နေတယ်ဆိုတော့ ကျွန်တော်လည်း သိပ်ပြီးတော့ မနာလိုစရာမဖြစ်တော့ပါဘူး
သူကအလုပ်မလုပ်ပဲ တနေကုန်အိပ်စားနေပြီး ကျွန်တော်က ကုမ္ပဏီမှာ အလုပ်လုပ်နေရတယ်ဆိုတာ ဘယ်တရားမလဲ
သူအလုပ်မထွက်ရအောင် သူ့အ​ဖေနား သွားပြောထားဉီးမှ...........

မနက်နိုးလာတော့  ထထချင်း ၀မ်းနည်းပြီး ငိုချင်လာသလိုဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ရာသီဥတုကလည်း မကောင်းဘူး အုံ့တုံ့တုံ့နဲ့ ပြီးရင်လည်း ကုမ္ပဏီမှာ အလုပ်သွားလုပ်မယ်ဆိုတဲ့အတွေးက ပတ်ဂျီမင်းရဲ့ စိတ်ကို အရမ်းဝမ်းနည်းစေပါတယ်

ဗိုက်နာ နေသေးလို့ မသွားတော့ဘူးလို့ စဉ်းစားနေပေမဲ့ ခုချိန်ကုမ္ပဏီက အလုပ်အရမ်းများနေတယ် တော်ကြာ ပျက်များလို့  boss စိတ်တိုပြီး  အလုပ်ထုတ်နေမြှဖင့် ....

တော်ပြီတော်ပြီ ငါပဲ နစ်နာခံပြီး ကုမ္ပဏီကြီးကို သွားကယ်တင်ပေးမှပါ....

ထထပြီးချင်း အိပ်ယာထဲမှ တွေးတောနေတဲ့ ပတ်ခ်ဂျီမင်းကတော့ စားပွဲမှာ တင်ထားတဲ့ နာရီကို မကြည့်ပဲ အေးဆေးလုပ်နေပါသတဲ့

" ခနဉီး မေ့လို့ မနေ့က ထယ်ထယ်နဲ့ လောင်းထားတဲ့ ဟာလေး လုပ်စမ်းကြည့်ဉီးမှပါ "

" 1 . 2. 3 အပ်ဖ် ပီ ဒီ ပါ ဝါ ရိန်း ဂျား အိုင်း အမ် ပါ ဝါ ရိန်း ဂျာ အဝါ ကောင် ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ပတ်ခ်ဂျီမင်း ခေါ်  Chim chim ရိန်း ဂျား အစ် ခမ်း မီး "

ငါကွ ပတ်ခ်ဂျီမင်း 

နာရီကို တစ်ချက်ကြည့်လိုက်တော့

" အားးးးး သေပါပြီ နောက်ကျနေပြီ ဟ လုပ်ပါဉီး " ခနတုန်းက သူမဟုတ်သလို  အော်  ကာ ရေခ်ျုးခန်းထဲသွက်သွက်ဝင်ပြီးတော့ မြန်မြန်ဆန်ဆန်လုပ်ရတော့သည်။

ပြီးတော့ အခန်းထဲကနေ အပြေးအလွား ထွက်လာပြီး လှေကား ပေါ်က နေအမြန်ပြေးဆင်းလာတော့ နှစ်ဆင့်ကိုမကြည့်မိပဲ အောက်တစ်ထစ်နင်းလိုက်တော့ ........

Daddy's Baby Ji Where stories live. Discover now