❣️ Ten ❣️

1.5K 155 50
                                    

 ရွှေတို့အိမ်က ခုထိ wifi တပ်လို့မရသေးလို့ သူငယ်ချင်းအိမ်ကနေသွားသုံးနေရတာပါ အစက up ဖို့အစီအစဉ်ကိုမရှိသေးပါဘူး ဒါပေမဲ့ တောင်းတဲ့သူတွေ‌ကို အားနာတာကြောင့် type ထားပြီးသားဖြစ်တဲ့ အပိုင်းလေးကို  အပြေးလာအပ်တာပါ ။

မအလကို ဆဲသွားပေးတဲ့သူများလေလေ နောက်တစ်ပိုင်းကို ပိုပြီး မြန်မြန်အပ်ပေးပါ့မယ် အသုဘကောင်ကြောင့် ဘာမှလုပ်ချင်စိတ်ကို မရှိသေးလို့ပါ
.
.
.



"အဟွတ် အဟွတ် "

အဖျားပျောက်လို့ အိမ်ကအတင်းကုမ္ပဏီသွားခိုင်းတာကြောင့် နားမရမလားဆိုပြီး လုပ်ပြနေခြင်းဖြစ်ပါသည်။

" မလုပ်ပြစမ်းပါနဲ့ ထယ်ယောင်းရာ ရုပ်သိမရှိဘူး မင်းနေကောင်းသွားပြီဆိုတာ အန်ကယ်ပြောပြလို့ သိပြီးသား အဟက် လူကိုလာလိမ်ချင်နေသေးတယ် "

" ဘာ ! ခင်ဗျားကြီးနော် လုပ်ရင်သေတော့မယ် "

" အောင်းမား ကို့အထက်အရာရှိကိုပြန်ပြောရဲနေတယ်ပေါ့ ကင်မ်ထယ်ယောင်းရှီး  "

" ဘာအထက်အရာရှိလဲ ကျွန်တော့်ထက် ၁နှစ်လောက်ပဲကြီးတာများ ပြီးတော့ ကျွန်တော်လည်း ဒီကုမ္ပဏီမှာ ခနပဲလုပ်မှာပြီးရငိ ကို့ကုမ္ပဏီကို အုပ်ချုပ်မှာ "

ကတ်ကတ်လန်အောင်ပြန်ပြောနေသော ထယ်ယောင်းကို အထက်အရာရြှိဖစ်တဲ့ ဂျောင်ကွတ်တစ်ယောက် အသည်းယားနေပါသည်။

"ဟက် အစွာလေးပဲ ထားပါလေး ကိုယ်က သနားလို့နေကောင်းပျောက်အောင် ကစားကွင်းလိုက်ပို့ပေးမဲ့ဟာကိုလည်း ဒီလိုစွာနေပုံထောက်ရင် အဖျားပျောက်နေရော့ပေါ့ "

"အဟမ်း ဟီးး ‌ဂျောင်ကုကလည်း မပျောက်သေးပါဘူး ခေါ်သွားပါလို့ နော်နော် "

အလုပ်မလုပ်ရရင် မျက်နှာချိုးလေးက တစ်မျိုး အလုပ်လုပ်ရရင် မျက်နှာချိုးက နောက်တစ်မျိုး ဒီကောင်လေးကလေး အချိုးအမျိုးအမျိုးနဲ့ ချစ်စရာကောင်းနေတော့တာပဲ

ဟင်းး ဒီနေ့လည်း ဒီအဆိုးလေးကို လိုက်ထိန်းရတော့မှာပါပဲလား

"ဟို ကုကီးဟျောင်းလို့ ဘာတွေစဉ်းစားနေတာလဲ သွားမယ်လေးလာလာ ထယ်က ဗိုက်လဲဆာနေတာ ဟီးးဟီးးး "

Daddy's Baby Ji Место, где живут истории. Откройте их для себя