❣️Two❣️( Zawgyi code )

1K 87 3
                                    

Votes တွေအရမ်းနည်းတာပဲ ရွှေရေးတာမကောင်းလို့များလား ????

ဒါပေမဲ့လည်း ဒါက ကိုယ်ကြိုက်တဲ့ plot မျိုးဖြစ်လို့ ဘယ်လောက်ပဲရှိရှိအကောင်းဆုံးကြိုးစားပြီးရေးသွားပါ့မယ်ရှင့် .....

.
.
.
.
.

ဂျီမင်းတစ်ယောက်ရေခဲမုန့်လေးခွက်ကိုကိုင်ကာ မြောက်ကြွကြွနဲ့ လာနေလေရဲ့ ......

" ဟျောင့် ထယ်ယောင်းရေ "

"ဂျီမင်း မင်းပြန်လာသေးတယ်နော် ငါ့ကိုများချန်ထားပြီး သွားသေနေသလားလို့"

"Yarrr ကင်ထယ်ယောင်း မင်းနော်မစလာနဲ့ ငါအကောင်းပြောမလို့ "

" အံမယ် ပြောပေါ့ "

"အေ ငါလေး လမ်းမှာလူတစ်ယောက်နဲ့တိုက်မိတာ သိလား "

" မသိဘူးလေး ငါဒီမှာထိုင်နေတာကို "

" ကင်ထယ်ယောင်း မင်း နော် အဲ့လိုလိုက်မပြောနဲ့ "

"မင်းက အဆုံးထိမှ မပြောတာ "

" အာ့ဆိုခု အဆုံးထိနားထောင်ကွာ .....'

"အေ အဲ့ဆိုလဲ​ဆက်ပြော "

" omm ဒီလိုကွ ငါလမ်းမှာ ရေခဲမုန့်ဝယ်လာတုန်း လူတစ်ယောက်နဲ့တိုက်မိပြီး ငါ့ရေခဲမုန့်တွေဖိတ်ကျသွားတာလေး ငါလဲ ထိုင်ကျသွားတာပေါ့ "

"အင် "

" အေပြီးတော့ အဲ့လူက ငါ့ကိုဆွဲမထူဘူးကွ အဲ့တာနဲ့ငါလဲအော်ငိုလိုက်တယ် အဲ့တာ နာလို့မဟုတ်ဘူးကွ ငါ့မုန့်လေး ဖိတ်သွားလို့ "

"အဲ့တော့ "

"အဲ့တော့ ~ သူက ငါ့ကိုတိတ်တော့လို့ပြောရင်း ငါက လေးခုတောင်ဝယ်ခိုင်းလိုက်တာ "

"ဝါးးးး"

အစားအသောက်ဆိုရင်တော့ နှစ်ကောင်သားပြောစရာမလိုအောင် အတိုင်အဖောက်ညီလွန်းသည်။

" ရော့ ~ဒီမှာ မင်းအတွက် စတော်ဘယ်ရီနှစ်ဗူး "

"Aigoo~ ငါ့သူငယ်ချင်းလေးကို ချစ်လိုက်တာ "

" ဟွန့် အခုမှလာပြီး "

" မင်းကလည်းကွာ ~~~ လာလာ ပြန်သွားဆော့ရအောင်ထပ်ပြီး "

Daddy's Baby Ji Where stories live. Discover now