အမြည်း (I'm come back )

959 144 22
                                    

ဂျီမင်းတစ်ယောက် သွေးများပူထူသွားပြီး သူတို့ပြောတဲ့နေရာကိုအပြေးလာမိသည်။

"Boss ရေ boss "

အပြေးလိုက်ရှာမိသည်။ boss ရှိတဲ့နေရာကို သို့ပေမဲ့ ရှာနေတဲ့ boss ကိုမတွေ့ပဲ ဆူညံနေသော လူတစ်စုနှင့် အသက်ကယ် အကျီများဝတ်ထားသော လူတစ်စုကိုသာ တွေ့မိလိုက်တဲ့တစ်ခန အမျိုးအမည်ရှာမရတဲ့ ခံစားချက်ကြီးတစ်ခု ရင်ထဲ ဝင်ရောက်လာသည်။

boss ကိုချစ်တဲ့ခံစားချက်မျိုးလား ?ဒါမှမဟုတ် မဆုံးရှုံးနိုင်တဲ့ ခံစားချက်လား?

သေချာတာကတော့ Boss ကို ဘားမှအထိခိုက်မခံနိုင်ပါ

ခြေလှမ်းတွေက ထိုနေရာမှာတင် ကျောက်ရုပ်လို ငြိမ်နေမိပေမဲ့ စိတ်က boss ဆီမှာသာ

ထပ်မလှမ်းချင်တော့တဲ့ ခြေလှမ်းတွေကို အားပြိုင်ပြီး boss ကိုစိတ်ပူတဲ့စိတ်ကအနိုင်ပိုင်းသွား‌သည်။ ထိုကြောင့် boss ရှိမည်အထင် လူအုပ်ထဲကိုတိုးဝင်မိတော့သည်။

လူအုပ်ကြားထဲတိုးဝင်လိုက်တော့ တွေ့ရတဲ့ မျက်နှာတစ်စုံ.....

*Boss ဘားမှမဖြစ်ဘူး ? ဟမ် တကယ် ဘာမှမဖြစ်တာလား ဒါဆိုဒီလူတွေက *

သို့လောသို့လောမေးခွန်းများအကြားပတ်ခ်ဂျီမင်းတစ်ယောက်ဗျာများရသည်။

ကြောင်အစွာရပ်ကြည့်နေတုန်း သူ့ရှေ့ကို ရောက်လာတဲ့ boss

Boss ကြည့်တဲ့အကြည့်လေးက နူးညံ့တယ်သိမ်မွေ့တယ် ရယူလိုစိတ် ပိုင်ဆိုင်ချင်စိတ်မရှိဘူး ငါကကော ဘာလို့ရင်တွေခုန်နေရတာလဲ  .......

"Jiminiee ~jimin "

*ဟမ် boss ငါ့ကိုခေါ်လိုက်သလိုပဲ ?*

"Park Jimin shii "

"ဟမ် ဟမ် boss "

"ခေါ်နေတာ ကြာနေပြီ ဘာကြောင်ကြည့်နေတာလဲ "

"အမ် အာ မ~မဟုတ်ပါဘူး boss "

"ဒါဆို ကိုယ့်ကောင်လေးလုပ်ပေး "

*ငိ့ *

~အဆက်အစပ်မရှိ ပြောလာတဲ့ boss ရဲ့စကား ဘာတဲ့ ကောင်လေးလုပ်ပေး ဟုတ်လား အဟိ ပတ်ခ်ဂျီမင်းတို့များရင်ခုန်လိုက်တာ

Daddy's Baby Ji Where stories live. Discover now