❣️ Five❣️( unicode )

1.3K 193 16
                                    

yoongi နဲ့ jimin တို့ အလုပ်ကိစ္စပြီးလို့ ဘူဆန်ကနေ ညနေ ၄ နာရီလောက်မှ ထွက်ပြန်လာခဲ့တယ် ။

ကားပေါ်မှာ တစ်လမ်းလုံးက တိတ်ဆိတ်နေတာပေါ့ Jimin လည်း ဒီနေ့မှ အလုပ်စ၀င်တာကြောင့် boss ကို ရှိန်တာက တကြောင်း ဗိုက်ထဲက အလိုက်မသိတဲ့ အစာအိမ်ကလဲ နာနေတာကတစ်ကြောင်း အရင်ကသာလိကာကတော့ တစ်လမ်းလုံးတိတ်ဆိတ်နေတော့သည်။

မနက်ကလည်း boss အစောကြီးခေါ်လို့ ကော်ဖီ တစ်ခွက်ပဲ သောက်သွားတာကော နေ့လည်က ထမင်းလည်းမစားထားတာကြောင့် အရင်က အစာအိမ်ရောဂါခံလည်းရှိနေပြန်ရော ဂျီမင်းဆိုတာကလည်း အစာလေးနဲနဲမစားရင် အစာအိမ်ကပြန်နာလာတက်သည်။

နောက်ပြီးမှ မခံနိုင်လာတော့မှ နဲနဲလေးလှုပ်ရွလိုက်ပြီး

" ဟို ~ boss ရောက်ဖို့က ဘယ်နနာရီလောက်လိုသေးလဲ ဟင် " မရဲတရဲနဲ့မေးလာတဲ့ကောင်လေး ကို သူတစ်ချက်ကြည့်လိုက်ပြီး

" အင် ~ ၁ နာရီလောက်တော့လိုဦးမယ်ထင်တယ် လာဖြစ်လို့လဲ "

"ဟမ် ~ ဟို မဟုတ်ပါဘူး boss ဒီတိုင်းမေးကြည့်တာ"

"အင်အင် အဲ့ဆိုလည်း တစ်ခုခုဖြစ်ရင်ပြော "

"nae"

ပြန်တိတ်ဆိတ်သွားသောလေထု .........

သူပြောမည်လုပ်သော်လည်း ပါးစပ်ထဲက ပြောမထွက်ပေ ။ ဒါကြောင့်သူလည်း ၁နာရီလောက်ပဲကိုအောင့်နိုင်ပါတယ်ဆိုပြီး ပေကပ်ကပ်နဲ့မပြောဘဲ အိပ်ရင် မနာတော့ဘူးဆိုကာ အိပ်ရန်ပြင်လိုက်သည်။

.
.
.
.
* ဒီကောင်လေးဘာဖြစ်နေလို့မေးတာပါလိမ့် ဗိုက်ဆာလို့များလား * တွေးနေတုန်း တစ်ချက်လှည့်ကြည့်မိလိုက်တော့ အိပ်ပျော်နေတာဆိုပြီးတော့ ပြန်လှည့်လိုက်တယ်

* လက်စသတ်တော့ အိပ်ချင်လို့ကို ...* သူတစ်ချက်ပြန်ပြုံးလိုက်ပြီး ရှေ့ကိုသာ ဆက်မောင်းနေလိုက်သည်။

နာရီ၀က်လောက်အကြာမှာ ညည်းသံသဲ့သဲ့လေးကြားတော့ စစတုန်းက ဘယ်ကလဲဆိုပြီး ဟိုကြည့်ဒီကြည့် ကြောင်နေတာပေါ့

နောက်တော့မှ ဘေးကကောင်လေးကိုကြည့်လိုက်ကာ ~~

မျက်နှာမှာ ချွေးစေးတွေနဲ့ ဗိုက်ကိုဖိထားပြီး

Daddy's Baby Ji Donde viven las historias. Descúbrelo ahora