အပိုင်း (၄၁) - အတူတူအိပ်ခြင်း

Start from the beginning
                                    

ဖူဝူထျန်း တစ်ချက်ကြည့်ရုံနှင့် အန်းကျီယန် ဘေးဘက်မှ လက်သီးဆုပ်နှစ်ခုကို မြင်ပေသည်။ ယင်းတို့မှာ သူ့လက်၏ တစ်ဝက်လောက်သာရှိ၏။ သူ့မျက်ဝန်းထဲတွင် ရွှင်မြူးသည့် အရိပ်အရောင်တစ်ချက် လက်သွားလေသည်။ ရုတ်တရက်ဆိုသလို သူက အနားတိုးကပ်သွားလိုက်၏။ သူ မထိလိုက်နိုင်သေးမီမှာပင် တစ်ဖက်လူက သူ့ကို ရှောင်ရှားရန် နောက်သို့ ဆုတ်ခွာသွားချေသည်။ သူက တစ်ချက်ပြုံးကာ ပြောလိုက်၏။

"ဝမ်ဖေးလေး...ဒီနေ့က ကိုယ်တို့ရဲ့ လက်ထပ်ပွဲနေ့လေ။ ကိုယ် ကြမ်းပြင်ပေါ်မှာ အိပ်ချင်တယ်လို့ တစ်ခါမှ မတွေးခဲ့မိဖူးဘူး"

"ဒါဆိုရင် ကျွန်တော်ပဲ ကြမ်းပြင်ပေါ်မှာ အိပ်လိုက်ပါ့မယ် "

အန်းကျီယန် က အလျှင်အမြန်ပင် စကားခေါ်လိုက်လေသည်။

"ဒါ မကောင်းဘူး​လေ ။ ကိုယ်က ဘယ်လိုလုပ်ပြီး ဝမ်ဖေးလေးကို ကြမ်းပြင်ပေါ်မှာ အိပ်ခိုင်းရက်မှာလဲ? ကိုယ် မင်းကို ဇနီးအဖြစ် လက်ထပ်လိုက်ကတည်းက သက်ဆုံးတိုင်ထိ မင်းကို တာဝန်ယူသွားမှာပါ"

ဖူဝူထျန်း က ပြောလိုက်ချေ၏။ ထို့နောက် သူက လှည့်လိုက်ကာ စားပွဲဆီသို့ ပြန်လျှောက်သွား၏။ သူက ဝိုင်အိုးနှင့် ခွက်နှစ်ခွက် ယူလာပြီး ပြန်လှည့်လာသည်။

"ဝမ်ဖေးလေးရဲ့ အရက်သောက်စွမ်းရည်က ကောင်းမဲ့ပုံပါပဲ။ ခွက်နည်းနည်းလောက် သောက်ကြတာပေါ့ "

အန်းကျီယန် သူ့ကို အေးစက်စက် ကြည့်လိုက်၏။ ဒီတော့ ဖူဝူထျန်း က သူ့ကို အရက်မူးစေချင်နေတာလား?

ကံမကောင်းစွာနဲ့ ဖူဝူထျန်း က မှားယွင်းတွက်ချက်မိလေပြီ။ သူက ဤကမ္ဘာသို့ ခန္ဓာကိုယ် ပြောင်းလာသော်ငြား မူလအန်းကျီယန်မှာ အရက်ကို ကောင်းကောင်းသောက်နိုင်ပေသည်။ ယင်းမှာ အန်းချန်ဖူနှင့် အတိအကျ တူညီနေ၏။ ထို့ကြောင့် အန်းမိသားစု၏ သိုလှောင်ခန်းထဲတွင် ဝိုင်ကောင်း မြောက်မြားစွာ သိုလှောင်ထားချေသည်။ သူက "ခွက်တစ်ထောင်သောက်လည်း မမူးသူ" ဆိုသည့်အဆင့်သို့ မရောက်သေးသော်ငြား ဝိုင်တစ်ကရားမျှကတော့ သူ့ကို မူးစေဖို့ရာ မစွမ်းနိုင်ပါပေ။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now