Arc 3.1 Game World - Hikari Shou

Start from the beginning
                                    

အမှန်တော့ ယောကျာ်းလေးဘဝကလာပြီး ကလေးမွေးရမှာကြောက်တာလည်း တပိုင်းဆို​ပေမယ့် သံယောဇဉ်တွယ်သွားမှာကို ပိုကြောက်တာဖြစ်သည်။ သူက ဧည့်သည် မဟုတ်လား။ သူ့အတွက် ချစ်သူ တစ်ယောက်တည်းတောင် တခုခုဆို ရင်ကွဲမတတ်ခံစားရတာ ကိုယ်မွေးထားတဲ့ သားသမီးဆိုလျှင် မတွေးရဲတော့။

ထျင်လဲ့က ထက်မြက်သော Ger တစ်ဦးနှင့် လက်ထပ်လိုက်သည်။ လီချင်းရဲ့ အနောက်ဆောင်မှာတော့ နိုင်ငံရေးအရ လက်ထပ်ထားသည့် အခြားနိုင်ငံမှ Ger နှစ်ဦးနှင့် စုန့်နိုင်ငံမှ မင်းသမီး တစ်ပါးရှိပြီး သားနှစ်ယောက်၊ Ger တယောက် နှင့် သမီး တစ်ယောက် ထွန်းကားသည်။

ပိုင်လင်းက တူ၊ တူမလေးတွေ ထိန်းကျောင်းရင်း စုန့်ရိမင် နှင့် အသက်35ထိ အတူနေခဲ့သည်။

"နတ်ဆိုးလေး"
"အွန်း"
"ကိုယ်သွားနှင့်မယ် .. ကိုယ့်ကို မေ့မသွားနဲ့"
"အွန်း"
"မင်းဘယ်ရောက်ရောက် လိုက်ရှာပြီး လာတွေ့မယ်"
"ကတိနော်"
"အင်း ကတိ"

ထို့နောက် ရိမင်က ပြုံးလျှက် ရှောင်ရိမင်ကို ကမ်းပေးလိုက်သည်။ ခါတိုင်း ပိုင်လင်းလက်ထဲရောက်လာလျှင် မြူးတူးနေကျ ရှောင်ရိမင်ပင် မလှုပ်မယှက်နှင့် ဖျော့တော့စွာ။ ပေးပြီးသည်နှင့် ရိမင်က ဒီကမ္ဘာက ထွက်သွားသည်။ ပိုင်လင်းရင်ခွင်ထဲသို့ ရိမင်တဖြည်းဖြည်းလဲကျသွားသည်။ ပိုင်လင်းလည်း System Space ထဲ ပြန်လာခဲ့တော့သည်။

__________

ပိုင်လင်းပြန်ရောက်တဲ့အခါ လှပကျောရှင်းတဲ့ ပုံရိပ်တစ်ခုက စောင့်ကြိုနေသည်။ ပိုင်လင်းထံမှ အလင်းတန်းတစ်ခု ထွက်လာတဲ့အခါ ရှင်းက ဖမ်းယူလိုက်သည်။ ပိုင်လင်းက မျက်မှောင်ကုတ်သွားသည်။

ဖေးရဲ့က နည်းနည်း စဉ်းစားလိုက်ပြီး
'ငါ ဘယ်သူလဲဆိုတာ သိချင်တယ်'
'....' ရှင်းက အကြာကြီး ဖေးရဲ့ကို ကြည့်ကာ တိတ်ဆိတ်နေပြီးမှ

'ငါမင်းကို အဲ့တာ ပြောပြလို့ မရဘူး။ ငါစောင့်ထိန်းရမယ့် စည်းကမ်းဖြစ်နေတယ်။ ဒါပေမယ့် မင်းတဖြည်းဖြည်း မှတ်မိလာမှာပါ.. '

The Stranger I love (System)Where stories live. Discover now