မေတ္တာဆိုတာ အသွားအပြန်ရှိတယ်တဲ့ ကိုယ်ထားခဲ့တဲ့မေတ္တာတွေကဘာလို့အသွားပဲရှိပြီးအပြန်လမ်းပေျာက်နေကြတာလည်း။
အရင်ဘ၀ကကုသိုလ်နည်းခဲ့တယ်ထင်ပါ့ ဒီဘဝမှာမတောင့်တပဲရရှိတဲ့နာကျင်မှုတွေကအဆပေါင်းများစွာရယ်။ရတောင့်ရခဲလူ့ဘ၀ကြီးမှာအပျာ်ေအာင်နေရမယ်လို့တွေးတောရင်းစိတ်ကိုအုတ်မြစ်ချရတာလည်းမောလှပြီ။
ကံကြမ္မာတစ်ချက်လှည့်စားတိုင်းအချေမခိုင်ပဲပြိုလဲနေရတာက ဖျောက်မရတဲ့အကျင့်တစ်ခုလို။
တစ်ခဏအတွင်းပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်က နှလုံးသားမှာနာကျင်မှု၊ကြောက်ရွံမှုဆိုတဲ့အပင်တွေကို ရေလောင်းပေါင်းတင်ကာစိုက်ပျိုးထားသလို အပင်ကြီးလေပိုခံစားရလေပါပဲ။
လွမ်းတယ်ဆိုတိုင်းပြန်ခွင့်မရတဲ့အိမ်၊သတိရတိုင်းပြေးဖက်ခွင့်မရတဲ့ပါးပါး...ဓာတ်ပုံေလးသာကြည့်ပြီးအလွမ်းဖြေခဲ့ရပြီးနောက်ဆုံးချိန်တောင်မသိလိုက်ရတဲ့သားတစ်ယောက်ရဲ့အဖြစ်ဆိုး...ခံစားဖူးတဲ့ကျွန်တော်ကလွဲရင်စနာပေးမယ့်လက်တစ်စုံရှိမနေခဲ့ပါဘူး။
ကြုံလာသမျှအခက်အခဲတိုင်းဝဋ်ကျွေးတစ်ခုလိုသဘောထားပေးဆပ်ပြီး အေးချမ်းစွာဖြတ်သန်းခဲ့တဲကျွန်တော်..ပျော်ရွှင်မှုနဲ့မထိုက်တန်ဘူးထင်ပါတယ်။
သားသားကို..ဖခင်ရင်းတစ်ယောက်လို
ချစ်မြတ်နိုးခဲ့ပေမဲ့ဆိုင်မှမဆိုင်ခဲ့ပဲလေ ပိုင်ဆိုင်ခွင့်ဘယ်ရှိပါ့မလည်း။"သားသား..သားသားရဲ့မားမားကိုချစ်လား "
သားသားကို အဖေရင်းအမေရင်းဓာတ်ပုံတွေပြထားသည်ကြောင့်မစိမ်းသက်တော့လုရီကို သူ့မားမားမှန်းသိေလသည်။မျက်လုံးတွေတဖျက်ဖျက်ခတ်ပြီးမှခေါင်းငြိမ့်ပြတယ် ချစ်တယ်ဆိုတဲ့သဘော။
တကယ်ဆိုသားကိုမခွဲချင်ပေမဲ့လည်းခွဲရတော့မည်။အကိုနှင့်ယှဉ်လျှင် အမေရင်းထံမှာရှိနေသည်ကပိုသင့်တော်လိမ့်မည်မလား။
"အကို...ပိစိကတကယ်ပဲ အကိုကြီးသားလေးလားကျွန်တော့်တူလေးပေါ့နော် "
YOU ARE READING
Twilight Loving Breeze
FanfictionYizhan Version ပါနော် အတတ်နိုင်ဆုံးroအောင်ရေးမှာမို အားပေးပါဦးနော် ပထမဦးဆုံးficလေးမို့ အမှားပါရင် နားလည်ပေးစေချင်ပါတယ်နော်။