21

665 58 1
                                    

"မင်းပြောတော့ပွဲတက် ရမှာဆို အဲ့ အဲ့ပုံစံက "

"အင်းလေ ကောကို စောင့်နေတာ လာလေ "

ရှောင်းကျန့် ခေါင်းတစ်ခါခါ နှင့် ပေါ်နောက်လာလိုက်သော်လည်းအခန်းရှေ့ရောက်သောအခါ မဝင်ရဲတော့ပေ။

ရိပေါ်ဆိုတာ သူ့အတွက်တော့ အသားစားသည့်ကျားတစ်ကောင်လိုပင် မဆင်မခြင်ဝင်သွားမှဖြင့် အရိုးကျေ အရည်ခမ်းနေမှ ဒုက္ခရယ်။

ထိုစဉ်...

" အ !!"

လက်တစ်‌ဖက်စောင့်ဆွဲခံလိုက်ရပြီး ရိပေါ်ရင်ခွင်နှင့် နံရံရောက်ရှိ‌သွားလေတော့ အလန့်တကြားပြူးကျယ်သွားသည့် မျက်ဝန်းလှလှတွေ။

" ဘာ ဘာခိုင်းစရာ ရှိလို့လည်း "

"မကြောက်ပါနဲ့..ဒီနေ့ကျန့်ကောမကြိုက်တာဘာမဇမလုပ်ဘူး ..ဒါကြောင့်ကျွန်တော် စိတ်မဆိုးအောင်နေ  သိလား "

"အင်းးး"

*မျက်လွှာလေးချကာ ရှက်တတ်လွန်းစွာ ခေါင်းတဆတ်ဆတ်ညိမ့်နေသည့်ကျန့်ကော က တစ်ချိန်က ကျွန်တော်ပိုင်ဆိုင်ခဲ့ပြီးသားပါ ဒါကြောင့် ကျွန်တော့်ပိုင်ဆိုင်မှုတွေ ပြန်လိုချင်မိတာ အပြစ်လားဗျာ*

" အင်္ကျီဝတ်မယ် !! "

"ဟင်..ငါက ငါ ဝတ်ပေးရမှာ..ဟို အင်္ကျီကရပေမဲ့ ဟိုဘောင်းဘီကတော့ ...!!"

"ကျန့်ကော ဝတ်ပေးချင်လို့လား "

"ဟင့်အင်း..ဟို မသင့်တော် မဟုတ် အဆင်မပြေဘူးလေ "

" ဟင်းးးကျွန်တော်မဝတ်ခိုင်းပါဘူး အင်္ကျီလို့ပဲပြောတာလေ "

"အာ..အင်း.."

*အူ‌လည်လည်နှင့် ချစ်စရာကောင်းလွန်းသည့်ကျန့်ကောပုံရိပ်လေးတွေကို ဦးနှောက်memoryထဲမှာ ပြည့်သွားသည်ကိုမရှိ..*

++++++++++++++

" ဟို အစားအသောက်တွေလည်းစုံနေပြီ ဧည့်သည်တွေကမလာသေးဘူးလား တစ်ယောက်လေးတောင်မလာကြသေးဘူး .."

"အဟင်း...!!"

"ငါပြောတဲ့အထဲ ရီစရာပါနေလို့လား "

"အော် ..မပါပါဘူး..စားတော့ စောင့်မနေနဲ့ လာမှာမဟုတ်ဘူး "

"ဟင်..ဘာလို့လည်း !! မင်းပြောတော့မိတ်ဆုံစားပွဲဆို "

Twilight Loving BreezeWhere stories live. Discover now