6

752 82 3
                                    

ရိပေါ်  အိမ်ရှင်လေး၏ဆိုင်မှာအလုပ်ဆင်းသည်မှာနှစ်ရက်ရှိလေပြီ။ပထမနေ့မှာပင်.ထန်ရွယ်ကျေးဇူးကြောင့်အဆင်ပြေခဲ့လေသည်။ ဒုတိယရိပေါ်အဆင်ပြေစွာအလုပ်ကြိုးစားခဲ့သော်လည်း..အိမ်ရှင်လေး ကဘာကြောင့်မှန်မသိ သူ့ကိုစကားမပြောပေ။

အိမ်ကိုလည်း..အရင်ပြန်နှင့်ပြီးသူ့ကိုတော့ဆိုင်သိမ်းပြီးမှလိုက်ခဲ့ဖို့မှာလေသည်။အိမ်ပြန်ရောက်တော့လည်း...သူ့အတွက် ညစာကို စားပွဲပေါ်အဆင့်သင့်ပြင်ထားပြီးအိမ်ရှင်လေးကတော့အခန်းထဲအောင်းနေလေသည်။

ရိပေါ် ဘာအမွားမွ မလုပ်ပါပဲ ရှောင်ဖယ်နေသည့်အိမ်ရှင်လေးကြောင့် ထမရ ထိုင်မရ ဘာလုပ်ရမှန်းမသိဖြစ်နေလေသည်။မနေနိုင်သူကပဲ..အလျော့ရပေးရသည်မို့ အိမ်ရှင်လေး၏အခန်းတံခါးခေါက်ကြည့်လေတော့..ပိစိကလာဖွင့်ပေးလေသည်။

" တိုတို...ပါးပါးကဘာလာလုပ္တာရဲတဲ့ "

" အာ...ပိစိပါးပါးက နေမကောင်းဘူးလား "

" အင်း.."

" ဟုတ္လား...ကိုကိုကြည့်မယ် "

ရိပေါ် ပိစိလေးစကားကြောင့် စိုးရိမ္ကာ တံခါးဖွင့်ကာ
ဝင်လိုက်လေတော့..အိမ်ရှင်လေးကလန့်သွားကာ ထထိုင်လေတယ် နှုတ်ခမ်းလေးကလည်း ထော်လို့ရန်တွေ့လာပြန်တယ်။

" မင်း..ဘာလို့ဝင်လာတာလည်း..သားသား သူ့ကိုဘာလို့တံခါးဖွင့်ပေးတာလည်း "

" ပိစိဖွင့်ပေးတာ.. မဟုတ်ပါဘူး.. ကျွန်တော့်ဘာသာဝင်လာ မှန်း..နေမကောင်းဘူးဆို "

ရိပေါ် အိမ်ရှင်လေး ရဲ့နဖူးလက်ပေါ်လက်နဲ့ထိစမ်းလေတော့ ပုတ်ထုတ်ခံရ​ေလတယ်။

"ဖယ်.. မထိနဲ့ "

" အကို..ကျွန်တော့်ကို ဘာလို့ရှောင်နေတာလည်း"

"ငါက..မင်းကိုရှောင်နေတယ် ဘယ်သူပြောလည်းငါဘာငါဒီတိုင်းနေ နေကြ "

"အကိုရှောင်နေပါတယ်..ကျွန်တော် ဘာအမှားလုပ်လို့လည်း"

" ဘာအမှားလုပ်လို့လည်းဟုတ်လား...မသိရင်လည်းပြန်သွားလိုက်တော့ သြား"

" သြော်...သိပြီ ထန်ရွယ်နဲ့ကျွန်..."

"မင်းတို့ကိုငါကဘာလို့သဝန်တိုရမှာလည်း..ရူးနေလား"

Twilight Loving BreezeWhere stories live. Discover now