19

569 59 6
                                    

"ပါးပါး..ပါးပါးရေ "

"အားယွမ့်ပါလားအလည်လာတာလား..ပါးပါးလို့ခေါ်ပြန်ပြီလား ဟင် "

အခန်းထဲအပြေးဝင်လာကာ ဝမ်းသာအားရပွေ့ဖက်လေသည့် အားယွမ်လေး။

"အဟီးဟီး.ဘွာတေးဘွာတေး .ဦးဦးကလည်း သားကမေ့ပြီးခေါ်မိတာပါ အင်္ကျီတွေဘာတွေလဲထားတာဆိုတော့ ဘယ်သွားဖို့လည်းဟင် ”

"ဦးဦးက အလုပ်သွားရမှာ သားနဲ့မဆော့ပေးနိုင်တော့ဘူး ဦးအလုပ်ပိတ်ရက်ကြရင် သားနဲ့တစ်နေကုန်ဆော့ပေးမယ်ဟုတ်ပြီလား "

သူ့စကားကြောင့် မျက်နှာလေးညှိုးကြသွားသော်လည်း ဟန်ဆောင်ပြုံးလေးနှင့်ပြန်တုံ့ပြန်လေသည့် အားယွမ်လေးကလူကြီးပေါက်စလေးလို။

"ရပါတယ် ဦးဦးရ အာ့ဆိုကစားကွင်းသွားကြမယ်လေ အဲ့နေ့ကြရင် "

"သားသဘော..သားမားမားရော "

"အောက်မှာ ဦးဦးကျန်းနဲ့စကားပြောကျန်ခဲ့တယ် သားကဦးဦးကိုအရမ်းလွမ်းလို့ "

သူ့လည်ပင်းကို သိုင်းဖက်ကာ အလွမ်းဖြေနေသည့် အားယွမ့်ကျောပြင်ကိုခပ်ဖွဖွပုတ်ကာနှစ်သိမ့်လျက်။
*ဒီကလေးက သူ့ဆိုသိပ်ချစ်တတ်တာက တစ်စုံတစ်ရာကိုလွမ်းမောစေသလိုလိုပင်။*

++++++++++++++++++++

"ငါ ငကျန့်ကို ရိပေါ်နဲ့နီးစပ်အောင်လုပ်ပေးမိတာမှားသွားပြီလားမသိဘူး..မနေ့က သူ့ကိုအနိုင့်ကျင့်လို့ဆိုပြီးငါ့ကိုသွားဆူခိုင်းနေတာ "

" ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သူတို့နှစ်ယောက်ကိုပြန်ပြီးနီးစပ်စေချင်တာပဲ ငါတို့ကြိုးစားရမှာပေါ့ တစ်ခုပဲ ကျန့်ကျန့်ကိုထပ်ပြီးမခံစားစေချင်တော့ဘူး...ငါ့အတ္တကြောင့် ငါ့မားရဲ့လောဘတွေကြောင့် သူနာကျင်ခဲ့ရပြီးပြီ နောင်တဆိုတာ နောင်မှရတယ်တဲ့ ငါအချိန်မှီချင်သေးတယ်..သူ့ကိုထပ်ပြီးမခံစားစေချင်တော့ဘူးငါ့အတွက်တော့ အကိုကောင်းတစ်ယောက် သူငယ်ချင်းကောင်းတစ်ယောက်ကို ပြန်လိုချင်တယ်သူပျော်နေတာကိုမြင်ချင်တယ် ကျန်းချန်ရယ် "

"အေးပါ..ငါတို့အကောင်းဆုံးကြိုးစားကြတာပေါ့ နင်ခုလို ‌ငကျန့်အပေါ် အမြင်မှန်သွားတာငါအရမ်းဝမ်းသာတယ် လုရီ "

Twilight Loving BreezeWhere stories live. Discover now