7

680 85 1
                                    

ရှောင်းကျန့် အသိတချို့ဝင်ရောက်သည်နှင့် ဒီအချိန်အိပ်ယာထနေကြမှန်းသိသည်။မျက်လွှာလေးခပ်ဖွင့်ဖွင့်ခြင်းမြင်လိုက်ရသည့်မျက်နှာတစ်ခုကြောင့်လူကရှက်သွေးဖြန်သွားရသည်။

" မင်း...မအိပ်ဘူးလား ဘာလို့အဲ့လောက်ကြည်နေရတာလည်း.."

" ကျွန်တော်  ကြားဖူးတာတော့ လူတစ်ယောက်အိပ်ယာနိုးနိုးချင်းအချိန်ကြည့်ကြည့်တဲ့..အလှစစ်ကိုမြင်ရလိမ့်မယ်တဲ့.အကိုက အိပ်နေလည်းချောတယ် ခုလည်းချောတယ် "

ရိပေါ် အပြောကိုတုန့်ပြန်ချင်းမရှိမသိသလိုရှောင်းကျန့်အိပ်ယာမှထွက်လာခဲ့ပြီးမနက်စာပြင်ဖို့လုပ်နေလိုက်တယ်။

* ကျွတ်...ငါဘာတွေလုပ်နေမိတာလည်း...ငါသူနဲ့တူတူအိပ်ခဲ့တာပဲ..ဘာမှမဖြစ်သွားတာတော်သေးတယ်..ဟာငါဘာတွေတွေးနေတာလည်း..ဘာဖြစ်ရမှာလည်း.ရှောင်းကျန့် အသိတရားကပ်စမ်းပါ မေ့လိုက် မေ့လိုက်သင့်ပြီ..အရင်လို..အရင်လို အလိမ်အညာတွေသာဖြစ်ခဲ့ရင်*

ရှောင်းကျန့် တွေးလက်စအတွေးတွေခေါင်းထဲကခါထုတ်ရင်းမတွေးချင်တော့တဲ့အတိတ်ကိုပါအစဆွဲမထုတ်ချင်တော့။

ဆိုင်လာတဲ့လမ်းတစ်လျှောက်ရိပေါ်လည်းစကားမစသလို..သူလည်းမပြောမိပေ။သားသားကိုတော့.ညကသူ့စကားကြောင့်ပြန်ချော့ရသည်။

" boss. .ဆိုင်မှာ ပစ္စည်းတွေပျက်နေပြီလေ လာပို့နေကြကားကဒီနေ့မလာဖြစ်ဘူးတဲ့..အဲ့တာသွားယူရမယ်
ရိပေါ်ကိုပါခေါ်သွား..အားယွမ်လေးကိုတော့ ထန်ရွယ်ပဲကြည့်ပေးထားမယ်..ရထားနဲ့မသွားနဲ့နော်boss ..bossရဲ့ဂျုံးဂျုံးဂျက်ဂျက်လေးနဲ့သွား.."

ရိပေါ် ထန်ရွယ်ပြောသောဂျုံးဂျုံးဂျက်ဂျက်ကိုနားမလည်သည်ကြောင့်တိုးတိုးလေးမေးမိတယ်။သူမပြောပြတာက ကားစုတ်လေးတဲ့လေ။

" ညည်းက..ဆိုင်ရှင်လား.ငါကဆိုင်ရှင် အမိန့်ပေးနေတာလည်းလွန်ပါရော..ငါ့ဘာငါသွားမယ်..သားသားကိုလည်းနင်နဲ့မထားနိုင်ဘူး..ဆိုင်ကိုသယသေချာကြည့်ထား "

ရှောင်းကျန့်..ဆူလေတော့ ထန်ရွယ်က စိတ်ဆိုးခြင်းမရှိ မသိသလိုစပ်ဖြီးဖြီးနှင့်သာ။ တကယ်ဆို ထန်ရွယ်က ရှောင်းကျန့် သိပ်ကိုအားကိုးရသောဝန်ထမ်းမလေးပင်..ပျော်ပျေယ်နေတတ်ရုံမက စိတ်ရင်းလည်းကောင်းသည်။

Twilight Loving BreezeWhere stories live. Discover now