5

814 93 2
                                    

အေးစက်စက် ဆောင်းမနက်ခင်းကြောင့် ရှောင်းကျန့်စောင်ပုံထဲက မထွက်နိုင်သေး။နှာဖျားမှာဝေ့ပတ်နေသည့် ညော်နံ့ကြောင့် မျက်လုံးပင်ပြူးကာ ငုတ်တုတ်ထထိုင်လိုက်မိတယ်။

တူးတူးခါးခါးအနံ့ကြောင့်မီးဖိုခန်းထဲ ပြေးဝင်ကာ
ကြည့်မိလေတော့...သန့်ရှင်းလှပါတယ့်မီးဖိုခန်းလေးကအသွင်ပြောင်းလို့နေသည်။တစ်ယောက်တည်းရှုပ်ယှက်ခတ်နေအောင်..ဘာတွေလုပ်နေမှန်းမသိသည့်ကောင်လေးက အေးခဲနေသည့်ဆောင်းမနက်ခင်းမှာတောင် ချွေးတရွှဲရွှဲနှင့်။

သူရောက်နေတာကိုပင် ဂရုမထားမိပဲ ရှေ့ကိုသာအာရုံစိုက်နေသည့်ကောင်လေးရဲ့ကျောပြင်လေးငေးကြည့်ကာ ပြုံးမိပြန်တယ်။ရှောင်းကျန့်ဆိုတဲ့ လူသားကလူတစ်ယောက်ကိုကြည့်ပြီးသဘောတကျပြုံးနေမိပြန်ပါလား.။

အမဲရောင်ပေါင်မုန့်ချပ်တွေနှင့် ကဿ်ဥကြော်လေးတွေက ပန်းကန်ထဲမှာလိုက်ဖက်စွာနေရာယူလေသည်။သခွားသီးလေးက ထုထောင်းခံထားရလို့ကြေမွလျက် ။

" ရိပေါ် "

နှလုံးသားပေါ် ပျားရည်ဆန်းလိုက်သလို ချိုသာလွန်းတဲ့ အသံရှင်လေးရဲ့အစိမ်းသက်သက်နာမ်စားလေးက ရိပေါ်ကို ကောင်းကင်ပေါ် လေအဟုန်စီးလို့ပျံတက်သွားရသလို..ထိုနာမ်စားကိုကြိုက်လွန်းလို့ခေါင်းကချာခနဲ အသံလာရာဆီဦးတည်တယ်။

" အကို...အဟီး..ကျွန်တော့်ကြောင့်နိုးသွားတာလား "

"မဟုတ်ပါဘူး..ဒီချိန်ဆိုနိုးနေကြပဲလေ..ဒါနဲ့ဒီလိုပေါင်မုန့်လေးတွေကြက်ဥကြော်လေးတွေရဖို့က ဘယ်လိုကြော်ရတာလည်း.."

" အကိုကလည်း..မနောက်ပါနဲ့ကျွန်တော်လည်းကြော်တာပဲ အိုးကသိပ်မကောင်းဘူးခဏလေးနဲ့တူးတူးသွား
တာ..ကြော်တိုင်းတူးနေတော့လက်လျော့လိုက်ပြီ..ဒါပေမဲ့ ခေါက်ဆွဲတော့ပြုတ်ထားတယ် ဒါတော့အဆင်ပါတယ်.. ဒီမှာကြည့် "

" ဟမ်..မင်းသခွားသီးတွေပါထည့်ထားတာလား..ပြီးတော့ အာလူးတွေ ဒါဘာတွေလည်း "

"ကျွန်တော်လည်း...ရေခဲသေတ္တာထဲက ရှိတာလေးတွေနည်းနည်းဆီထည့်လိုက်တာ ပိုအရသာရှိအောင်လို့ပါ"

Twilight Loving BreezeWhere stories live. Discover now