11

595 70 0
                                    

" ငါ့ကို... ယုံပါ "

အက်ကွဲနေတဲ့ အသံတုန်ရီရီလေးတွေနဲ့ ထိုစကားကိုချည်းထပ်တလဲလဲဆိုနေတဲ့အကို။ရင်ခွင်ထဲတအိအိပြိုဆင်းလာတဲ့အကို့ ခန္ဓာကိုယ်ကိုယိုင်နဲ့မသွားအောင်
ရိ​ပေါ်ထိန်းထားရင်းမှ ငိုမဲ့မဲ့ ဖြစ်နေတဲ့ အားယွမ်ဆံနွယ်စလေးတွေကို ခပ်ဖွဖွသပ်တင်ပေးလိုက်တယ်။

ဖြတ်သွားဖြစ်လာတိုင်းကြည့်ကွက်ကြည့်ကွက်နှင့် သူ့အဖြစ်က ကလေးနှစ်ယောက်ကြားဗျာများနေရသူလို။သို့သော်လည်းမရှက်အား..ရင်ခွင်ထဲက ကလေးကြီးအဆင်ပြေဖို့သာ အရေးကြီးလေသည်။

" အကို..အိမ်ပြန်ကြမလား..အကိုပင်ပမ်းနေပြီလေ "

အငိုတိတ်သွားကာ ရင်ခွင်ထဲခေါင်းပုနေတဲ့ အကို့ကို ရိပေါ်ခပ်တိုးတိုးလေးမေးလိုက်တယ်။အကိုက..ငြိမ်သက်စွာနားထောင်လျက် နှုတ်ဆိတ်နေဆဲပဲ။

အကိုအဆင်ပြေတဲ့အချိန်ထိထိုရင်ခွင်မှာခိုနားနိုင်တယ်။နွေးထွေးမှုနဲ့အေးမြမှု ကိုအချိုးကြကြပေါင်းစပ်ဖန်တီးထားတဲ့ထိုရင်ခွင်က အကိုတစ်ယောက်ထဲအတွက်သီးသန့်ထုတ်ကုန်ဖြစ်နေလို့။

ဆံနွယ်အကျကအစ သေသပ်လှပနိုင်လွန်းတဲ့အကိုနဖူးပြင်လေးကို ရိပေါ်ခပ်ဖွဖွနမ်းရှိုက်ရင်း..ရှားပါးအခွင့်ရေးလေးကိုလက်ဝယ်ပိုင်ဆိုင်လိုက်တယ်။အ​သွေးအသားကစလို့ အရိုးထိအောင် အကို့ကိုယ်သင်းနံ့လေးကတစိမ့်စိမ့်စီးဝင်တယ် ။

အကို့ဆံဖျားကစလို့..ခြေဖျားအဆုံး ရိပေါ်အတွက်တော့မက်မောဖွယ်ရာအတိ။

ထိုစဉ်....

"မောင်လေး.. အမဘာကူညီပေးရမလည်း ကြည့်နေတာကြာပြီ တစ်ခုခုအဆင်မပြေလို့များလား "

ထိုအစ်မရဲ့စကားသံကြောင့် အကို့ခန္ဓာကိုယ်လေးက အေးစက်တောင့်ခဲသွားသလို။ ရိပေါ် ရင်ခွင်ထဲပိုတိုးဝင်လို့ရိပေါ်လည်တိုင်တွေကို ဖက်တွယ်ထားတဲ့ လက်တွေကြားထဲမျက်နှာလေးကိုကွယ်ဝှက်ထားတယ်။အကိုဘာကို..ကြောက်နေသည်လည်းရိပေါ်မသိ အကိုပုံစံလေးကိုတော့ ရိပေါ်သနားမိသည်။

"ဟို..ရတယ်အမ အကိုက စိတ်ကောက်နေတာပါ "

အကိုက ထိုအစ်မရှိနေသည်ကိုမလိုလားသည်ကြောင့် ရိပေါ် ကြံရာမရ၍ ညာလိုက်ခြင်းပင်။

Twilight Loving BreezeWhere stories live. Discover now