တိတ်ဆိတ် နေသည့်ညဥ့်ကောင်းကင်မှာလမင်းကြီးက အစွမ်းကုန်ထွန်းလင်းလျက်။လေပြည်ခပ်တိုးတိုးတိုက်ခတ်လေတိုင်း..သစ်ရွက်လေးတွေကလှုပ်လီလှုပ်လဲ့။
အပေါ်ထပ် ဝရံတာလက်တန်းလေးကိုမှီရပ်ကာ
သဘာဝတရားကြီးထဲ ရိပေါ်မေ့မျောနေရင်းမှ ...အကိုကိုလွမ်းမိသလိုလို သတိရပြန်တယ်။အနီးဆုံးမှာရှိနေပါလျက်တောင် အကို့ ကိုမမြင်ရရင်လွမ်းနေမိတာ အကယ်၍ဝေးများဝေးခဲ့ရင်...။ရိပေါ် တွေးလက်စအတွေးတွေကိုမောင်းထုတ်လိုက်တယ်။*ဟင့်အင်း .. ဝေးဖို့ဆိုတာဘယ်လိုမှမတွေးရဲတဲ့ အရာ*
"ရိပေါ်.."
"အကို.....ပိစိရောအိပ်နေပြီမို့လား "
ရိပေါ်အတွေးတွေ လက်စသတ်ကာ အကိုရှိရာဘက်လှည့်ပြီးမေးလိုက်တယ်။
" အင်း..အိပ်ပြီ"
"သြော်..အကိုက ဘာလို့တက်လာတာလည်းကျွန်တော့်ကိုတွေ့ချင်လို့လား.."
"မင်းမပြောရသေးတဲ့..မင်းအကြောင်းတွေသိချင်လို့..ငါမှမင်းကိုမယုံကြည်သေးတာ လိမ်ပြောမယ်တော့မကြံနဲ့နော်"
"အကိုကလေ..သိပ်ပြောရခက်တာပဲနော် လုပ်ချင်လာရင် လုပ်လိုက်ရမှ ကျေနပ်တာပဲ..ခုလည်းကြည့်အေးနေတာကို..အနွေးထည်မဝတ်ပဲတတ်လာခဲ့ရလား "
ကလေးတစ်ယောက်ကိုဆုံးမနေသလိုတတွတ်တွတ်မှာကြားနေရင်းမှ ရိပေါ် သူ့အနွေးထည်ကိုချွတ်ကာ..အကို့အပေါ်ခြုံပေးလိုက်ပြီးကြင်ကြင်နာနာကြည့်လို့..။
အကို့..ကိုကျွန်တော်ဘယ်တော့မှမလိမ်ဘူး..အဲ့ဒါတော့ယုံ..."
အကိုကမဲ့ပြုံးလေးနဲ့သာတုံ့ပြန်လိုက်လေတော့ရိပေါ်အသည်းယားစွာကြည့်ပြီးမှ....တစ်ဖက်လှည့်ကာတိတ်ဆိတ်သွားလေတယ်။သက်ပြင်းတွေအလီလီချရင်း..ကောင်ကင်ကြီးကိုငေးမောကြည့်ရင်းမှ။
"ကျွန်တော့်ကြောင့် လူတစ်ယောက်အသက်ဆုံးရှုံး
ခဲ့ရတယ်"ရိပေါ်စကားကြောင့် အကိုထိတ်လန့်သွားမှာသေချာသည်။ဒါကြောင့်ရိပေါ် အကိုဘက်လှည့်ကြည့်လေတော့ ပြူးကျယ်နေသည့်မျက်ဝန်းအစုံ။
YOU ARE READING
Twilight Loving Breeze
FanfictionYizhan Version ပါနော် အတတ်နိုင်ဆုံးroအောင်ရေးမှာမို အားပေးပါဦးနော် ပထမဦးဆုံးficလေးမို့ အမှားပါရင် နားလည်ပေးစေချင်ပါတယ်နော်။