ဆရာဝန်ပြောသွားတဲ့စကားတွေကြောင့်လည်း စိတ်ပူပန်
မှုက နှစ်ဆလောက်မြင့်တက်လာခဲ့သည်။
အတိတ်မှာ ဒီကောင်လေးရဲ့ ဘဝက ဘယ်လောက်
တောင်ကြမ်းတမ်းခဲ့သလဲ.....
စိတ်အခြေအနေ ဒီလောက်ထိ ဆိုးသွားရအောင် ဘယ်
လောက်များနာကျင်ခဲ့ရလို့လဲ.....

ဒီကောင်လေးခံစာရတာလျော့သွားအောင် ကိုယ်ပဲ အစား
ခံစားပေးချင်မိပါသည်......

*Phone Rings 📱📱*

ဖုန်းမြည်သံကြား၍ လိုက်ရှာမိတော့ စားပွဲပေါ်တင်
ထားသည့် ဂျောင်ကု၏ ဖုန်းမှ အသံဖြစ်သည်။
Name ကိုကြည့်မိတော့ ဂျယ်မင်း ဆိုသူ။
ဒါ...ဂျောင်ကုတစ်ခါပြောပြဖူးတဲ့ သူ့သူငယ်ချင်းဆိုသူထင်တယ်.....
သူကတော့ ဂျောင်ကုရဲ့ နောက်ကြောင်းကို သိနိုင်မယ်
ထင်တယ်.....
အတွေးနဲ့အတူ အလျင်အမြန်ပဲ ဖုန်းကိုကိုင်လိုက်သည်။

"ဟယ်လို....."

"ဟို.... ဒါ ဂျွန်ဂျောင်ကုရဲ့ ဖုန်းမဟုတ်ဘူးလားဟင်?"

"ဟုတ်ပါတယ်၊ ဒါ ဂျွန်ဂျောင်ကုရဲ့ ဖုန်းပါ၊ အခု သူဆေးရုံ
တင်ထားရလို့၊ ကျွန်တော်ကိုင်ထားတာပါ၊ ကျွန်တော့်နာမည်ကင်ထယ်ယောင်းပါ....."

"ကင်ထယ်ယောင်း.....? ကျွန်တော်သိပါတယ်၊ ဂျောင်ကု
ပြောပြဖူးပါတယ်၊ ဒါနဲ့ ဂျောင်ကုက ဘယ်လိုလုပ်ပြီး....
မဟုတ်မှ.... သူ့စိတ်ရောဂါများ.... ပြန်ဖြစ်လာလို့လားဟင်?"

"ခင်ဗျားက ဂျောင်ကုရဲ့ စိတ်ရောဂါအကြောင်းသိတယ်ပေါ့၊
ခင်ဗျား ဆေးရုံဆီလာခဲ့ပေးလို့ရမလားမသိဘူး.....
ကျွန်တော်လည်း သိချင်တာလေးတွေရှိလို့ပါ....."

"ရပါတယ် ကျွန်တော်လာခဲ့ပေးပါ့မယ်....."

ဖုန်းချပြီးလို့ မကြာခင်ပဲ ဂျောင်ကုသူငယ်ချင်း ရောက်လာ
ပေသည်။

"ဂျောင်ကုအခြေအနေ ဘယ်လိုရှိလဲဟင်?"

"သက်သာသွားပါပြီ.... မကြာခင်သတိပြန်ရလာပါလိမ့်မယ်....."

"ဂျောင်ကုက ဘယ်လိုကနေဘယ်လိုဖြစ်ပြ်ီး....."

"တကယ်တော့ သူနဲ့ကျွန်တော်စကားများကြရင်း ဖြစ်သွား
တာပါ..... ကျွန်တော်လည်း စိတ်ဆိုးဆိုးနဲ့ သူ့ကိုအော်မိ
သွားတယ်....."

Painful {Completed}Where stories live. Discover now